ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခဲ့သည့် ပြည်သူ များအနေဖြင့် အကြောက်တရားများကြောင့် မဲပေးခြင်းမဟုတ်ဘဲ ယုံကြည်၍ မဲပေးခဲ့ခြင်းသာ ဖြစ်သည်ဟု SNLD တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က မဇ္ဈိမသို့ ပြောသည်။ (more…)
ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ် သင်္ကြန်ကာလအတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချမည်
ဈေးနှုန်းသက်သာသောနိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် vietjet လေကြောင်းလိုင်းက သင်္ကြန်ပိတ်ရက်များအတွင်း ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ်ကို အထူးနှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
မောင်တောခရိုင် လုံခြုံရေး အထူးအရေးကြီး အခြေအနေသို့ရောက်ရှိ
မောင်တောဒေသ တောင်နှင့်မြောက်တွင် အကြမ်းဖက် သမားအုပ်စုများ ခြေရာဖျောက်လုပ်ရှားမှုများစွာ ပေါ်ပေါက်လာနေပြီး ၉/၁၀ အကြမ်းဖက်ဖြစ်စဉ် ပြီးကတည်းက ထိရောက်စွာ မကိုင်တွယ်ခြင်းကြောင့် ယခု မောင်တောဒေသ လုံခြုံရေးမှာ အထူးအရေးကြီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မောင်တော မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။ (more…)
ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယအစိုးရဆုံးဖြတ်
အိန္ဒိယနိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်အတွင်းမြန်မာနိုင်ငံထဲကနေ တရားမဝင် လာရောက်နေထိုင် နေကြတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နိုင်ဖို့အတွက် ဗဟိုအစိုးရက စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (more…)
ကြားဖြတ်ရွေးကောက်ပွဲ ကျပ် ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ဟု ကော်မရှင် ထုတ်ပြန်
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ညွှန်ကြားရေး မှူးချုပ် ဦးတင်ထွန်းက ပြောသည်။ (more…)
NCA အပေါ် သဘောထား ရပ်တည်ချက်ချမှတ်ရန် UNFC အရေးပေါ် အစည်းအဝေး ကျင်းပ
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် UNFC အဖွဲ့ဝင် အဖွဲ့အစည်း များ၏ သဘောထားရပ်တည်ချက် ချမှတ်ရန်နှင့် ပတ်သက်၍ UNFC ဗဟိုအလုပ် အမှုဆောင် အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်း၌ ဧပြီ ၃ ရက်က စတင်ကျင်းပလျက်ရှိသည်။ (more…)
သမ္မတအိမ်တော်သင်္ကြန်ကို ယခုနှစ်တွင် ပြုလုပ်ရန်မရှိကြောင်း ဦးဇော်ဌေးပြော
သင်္ကြန်ကာလအတွင်း ကျင်းပမြဲဖြစ်သော အိမ်တော်သင်္ကြန်ကို ယခုနှစ်တွင်ပြု လုပ်ရန် အစီအစဉ် မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ (more…)
NLD ပါတီ ကယားပြည်နယ် ဥက္ကဌနှင် ဖရူဆို မြို့နယ်ဥက္ကဌတို့အား ပါတီတာဝန်မှ ရပ်ဆိုင်း
ကြားဖြတ်ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင် NLD ပါတီ၏ ကယားပြည်နယ် ဥက္ကဌနှင့် ဖရူဆိုမြို့နယ် ဥက္ကဌ နှစ်ဦးအား ပါတီတာဝန် ရပ်ဆိုင်းလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာလိုက်သည်။ (more…)
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင် ၂၀ဝ ကျော် ရွာလုံးကျွတ် နီးပါး နုတ်ထွက်
မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဝင် ၂၀ဝ ကျော်တို့ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ရွာလုံးကျွတ်နီးပါး ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြောင်း တောင်ပြင်ကျေးရွာ (AMDP) ဥက္ကဋ္ဌ နိုင်မွန်စိုက်က ပြောကြားသည်။ (more…)
ရန်ကုန်တိုင်းတွင် သင်္ကြန်မဏ္ဍပ် ၈၀ ခွင့်ပြု၍ ယမန်နှစ်ထက် ထက်ဝက်ကျော်လျော့နည်း
ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုနှစ်သင်္ကြန်မဏ္ဍပ် စုစုပေါင်း ၈၀ ကို ဆောက်လုပ်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါအရေအတွက်သည် ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလ မဏ္ဍပ်စုစုပေါင်းအရေအတွက် ၂၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် လျော့နည်းနေခြင်း ဖြစ်သည်။ (more…)