ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ယခင် လဟာပြင်ဈေးဟောင်းနေရာ၌ တည်ဆောက်နေ သည့် Junction City စင်တာကို မတ်လ ၃၁ ရက်တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်သည်။ ၂၃ ထပ်အမြင့် ရုံးခန်းတာဝါတစ်ခု၊ Junction City ဈေးဝယ်စင်တာနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်သည့် စီမံကိန်းဖြစ်ပြီး Junction City ဈေးဝယ်စင်တာတွင် ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်များပါဝင်ကာ အချို့ ဆိုင်ခန်းများ စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ (more…)
အန္တိမ အဂ္ဂိဈာပနပူဇာကျင်းပရေးအတွက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သထုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ များ ပေးအပ်လှူဒါန်း
မွန်ပြည်နယ် ၊သထုံမြို့ မူလမင်းကွန်းဇေတဝန်ပဋိပတ္တိကမ္မဌာန်းတိုက်နှင့်လယ်ဝန်ပရိယတ္တိစာသင်တိုက် တို့၏ ဦးစီးပဓာန နာယက လဇ္ဇီပေသလ၊ သိက္ခာ ကာမ၊ ဝိနယဂရုက၊ သံသာရဘီရုက၊နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သိရီပဝရဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု_ဥက္ကဌ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပနပူဇာကျင်းပရေးအတွက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ အလှူတော်ငွေ ၃_ သိန်း ၊သထုံပြည်ခိုင်ဖြိုးပါတီမှ အလှူတော်ငွေ ၁_သိန်း လှူဒါန်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး (ဒုတိယ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ် ပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲကို ယနေ့ (၃၀-၃-၂၀၁၇) နံနက် (၀၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေး မှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး မြောက်ပိုင်းခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ၍ ဗဟို ဦးဆောင်ကော်မတီ ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးတင်ယုက ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခဲ့သည်။
ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း မဲဆန္ဒရှင် ပြည်သူများ ထောက်ခံမှု မြင့်တက်လျှက်ရှိ
ဘီလူးကျွန်း ချောင်းဆုံဇာတိသားလည်းဖြစ် ကျွန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်သူလည်းဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး (ခြင်္သေ့) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းအား မဲဆန္ဒရှင်ပြည်သူများ ထောက်ခံအားပေးမှု မြင့်တက်လာလျှက်ရှိ ကြောင်းသိရသည်။
#ချောင်းဆုံဒေသဖွံ့ဖြိုးတိုးတက်ဖို့_
#ဦးအောင်ကြည်သိန်းကို မဲပေးကြပါစို့
Crd;
မြန်အောင်ပြည်ခိုင်ဖြိုး အမျိုးသမီးများတွေ့ဆုံပွဲကျင်းပ
ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး အရှေ့ပိုင်းခရိုင် ပါတီဝင်များနှင့် ဆက်လက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံးသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကော့မှူးမြို့နယ်ရှိ ပြည်သူလူထုနှင့်တွေ့ဆုံ
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ဖလမ်းမြို့နယ် တောင်ဇလပ်ရိပ်သာ၌ မတ်လ (၂၄) ရက် နံနက် ၇ နာရီက တွေ့ဆုံခဲ့သည်။
“ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ကို ကြည့်ဖို့ လိုအပ်သလို ကိုယ်စားလှယ်လောင်း ကိုယ်စားပြုတဲ့ပါတီကိုလည်း ကြည့်ရမှာဖြစ်ပါတယ်”
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်ကို ကြည့်ဖို့လိုအပ်သလို ကိုယ်စားလှယ်လောင်း ကိုယ်စားပြုတဲ့ပါတီကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။”