လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီလပတ်ပုံမှန်အစည်းအဝေးကျင်းပ

 

လှိုင်သာယာမြို့နယ်ပါတီကော် မတီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာပါ တီကော်မတီဝင်များ လပတ်ပုံမှန် အစည်းအဝေးကို ဧပြီ (၃၀) ရက့် မွန်းလွဲ ၁နာရီမှစ၍ မြို့နယ်ပါတီရုံးခန်းမ တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်မြို့နယ်တာဝန်ခံ ဦးမင်းမင်းက တက်ရောက်အမှာ စကားပြောကြားပြီး လှိုင်သာယာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ယာယီ) ဥက္ကဋ္ဌဦးဇေယျာအောင်နှင့် ကော် မတီဝင်များမှ ပါတီ၏ ရှေ့ဆောင် ရွက်ရမည့်လုပ်ငန်းများကိုဆွေးနွေး ကြပြီးတက်ရောက်လာသည့် ရပ် ကွက်ကျေး ရွာများမှ ပါတီဝင်များ မှ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

လျှပ်စစ်မီးလင်းရေးဆောင်ရွက်

 

မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုး သန်း၊ မိတ္ထီလာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဒုလက်ထောက် ဦးစီးမှူး လျှပ်စစ်အင်ဂျင်နီယာဌာန တာဝန်ရှိသူတို့သည်ဧပြီ၂၉ရက်တွင် လျှပ်စစ်မီးလင်းရေးအတွက် ကွင်း ဆင်းကာလူထုနှင့်တွေ့ဆုံခဲ့ကြသည်။

အဆိုပါလျှပ်စစ်မီးလင်းရေး အတွက်လူထုနှင့် တွေ့ဆုံခဲ့သည့် ကျေးရွာများမှာ မွေအုပ်စုထန်း တောကျေးရွာနှင့်မွေအုပ်စု ဥယျာဉ် ကျေးရွာများသို့ သွားရောက်ခဲ့ ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)

စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီ အခြေခံအင်္ဂလိပ်စကားပြော ပညာဒါနအခမဲ့သင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ အနီးကပ်ကြီးကြပ်မှုဖြင့် နွေရာသီအင်္ဂလိပ်စကားပြောပညာဒါနအခမဲ့ သင်တန်းကို မြို့နယ်ပါတီရုံးတွင် ဧပြီ ၂၅ရက်မှ မေ ၂၆ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား ၅ဝ ခန့်တက် ရောက်လျက်ရှိကြောင်း သိရသည်။

အောင်သန်းဦး(စမ်းချောင်း)


ရှေ့တန်းပြန်​တပ်​ရင်းအား ပြည်​ခိုင်းဖြိုးပါတီမှ ကြိုဆို

 

ယနေ့ နေ့လည်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် တရားသောစစ်ကို
အောင်ပွဲဆင်ခဲ့သော တပ်မ(၆၆)အုပ်ချုပ်မှုအောက်ရှိ အမှတ်(၁၀)ခြေမြန်တပ်ရင်းမှဗိုလ်မှူးသက်ဆွေငြိမ်း(ယာယီတပ်ရင်းမှူး)ဦးဆောင်သော ရှေ့တန်းပြန်တပ်ရင်းအား ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဒေါ်ထားထားနု ပေါင်းတည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးအောင်နိုင်ဦး အတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော်မတီဝင်များကြိုဆိုခဲ့ကြောင်းသိရှိရပါသည်။

စစ်နိုင်
09795058969


ပြည်ထောင်စုအဆင့် JMC အစည်းအဝေးတွင် တပ်မတော်နှင့် ရှမ်း၊ ကရင်အဖွဲ့တို့အကြား တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-U) အစည်းအဝေးကို မေလ ၃ ရက်ကစတင်၍ ရန်ကုန်မြို့၌ သုံးရက်ကြာ ကျင်းပမည်ဖြစ်ရာ တပ်မတော်နှင့် ရှမ်း၊ ကရင် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပါတီများ CSSU အစည်းအဝေး ချင်းမိုင်တွင် ကျင်းပမည်

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ ညီညွတ်ရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) နှစ်ပတ်လည် အစည်းအဝေးကို မေလ ၄ ရက်ကစတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပမည်ဖြစ်ကြောင်း CSSU အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းလိတ်က ပြောကြားသည်။ (more…)


ကျောက်မီးသွေးစက်ရုံများမှ လျှပ်စစ်ထုတ်ပါက မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှု ယခင်ထက် သုံးဆခန့် မြင့်တက်နိုင်ဟုဆို

အရှေ့တောင်အာရှတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံသည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားသုံးစက်ရုံများ တိုးချဲ့တည်ဆောက်ပါက နိုင်ငံ၏ လေထုညစ်ညမ်းမှု ယခင် ထက် သုံးဆခန့်မြင့်တက်နိုင်ကြောင်း ဟားဗတ်တက္ကသိုလ်နှင့် Greenpeace က ထုတ်ဖော်ပြောကြားသည်။ (more…)


ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် စီစဉ်

နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သဘောထား ကြေညာချက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသဘောထားကြေညာချက်

၁၃၇၉ ခုနှစ် ကဆုန်လဆန်း ၃ရက်

၂ဝ၁၇ ခုနှစ် ဧပြီလ ၂၈ရက်

၁။       ၂ဝ၁၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ ယခင် မကွေးတိုင်းဒေသကြီး အစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော် စုံစမ်းစစ်ဆေးဖော်ထုတ်တွေ့ရှိမှုနှင့် ပတ်သက်၍ လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။

(more…)