UPDJC အစည်းအဝေးကျင်းပ၍ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကိစ္စရပ်များ ဆုံးဖြတ်မည်

လာမည့် မေလ ၁၂ ရက်နေ့တွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆုံးဖြတ်ချက်များ ချမှတ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။ (more…)


ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေ ၄ ရက်မှ စတင်ကာ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ (more…)


ဒေသန္တရအဆင့် စောင့်ကြည့်လေ့လာရေး ကော်မတီများ ကရင်၊ ရှမ်းနှင့် ပဲခူးတို့တွင် ဇွန်လမကုန်မီ ဖွဲ့စည်းရန် JMC-U ဆွေးနွေး

ဒေသန္တရအဆင့် စောင့်ကြည့်လေ့လာရေးကော်မတီများ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဇွန်လမကုန်ခင် ဖွဲ့စည်းရန် မေ ၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။ (more…)


အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခွင့်မရပါက ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရန် မလိုဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောကြား

NCA စာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ဦးဆောင်ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရခိုင်ပြည်နယ်တွင် ကျင်းပခွင့်မရခဲ့ပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ – ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ရန်လည်း မလိုအပ်ဟု  ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က The Ladies News သို့ ပြောကြားသည်။ (more…)


ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို အာမခံရရှိသည့် ပုဒ်မအဖြစ် ပြင်ဆင်ရန် ရှေ့နေချုပ်ရုံးမှ အကြံပြု

(၂၀၁၃)ခုနှစ်မှာ စတင်ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရသူတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အာမခံရရှိခွင့် ရှိသင့်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာနရဲ့ အကြံပြု တောင်းခံမှုအပေါ် အကြောင်းပြန်ကြားထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ကသိရပါတယ်။ (more…)


အချိန်မီပြန်မလာသော မြန်မာလုပ်သားများ၏ အထောက်အထား စာရွက်စာတမ်းများ ပျက်ပြယ်သွားကြောင်း ထိုင်းအစိုးရ ထုတ်ပြန်

သင်္ကြန်ကာလ ရုံးပိတ်ရက်ကုန်ဆုံးပြီးနောက် သတ်မှတ်ကာလအတွင်း ထိုင်းနိုင်ငံသို့ အချိန်မီ ပြန်မလာနိုင်ကြ သော ရွှေ့ပြောင်းမြန်မာလုပ်သားများကို ထိုင်းအစိုးရက ပြန်လည်ဝင်ရောက်ခွင့် ပေးမည်မဟုတ်ဘဲ ၎င်းတို့ ကိုင်ဆောင်ထားသည့် ပတ်စ်ပို့၊ ပန်းရောင်ကတ်နှင့် CI စာအုပ်များလည်း ပျက်ပြယ်ကြောင်း ထိုင်းအစိုးရက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Mr. Robert Chua မှ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမသို့ မေလ (၃) ရက် နံနက် ၁ဝ နာရီက လာရောက်တွေ့ဆုံခဲ့သည်။

 

(more…)


ပါတီဝင် အင်အားစီစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေးများကောက်ခံခြင်း၊ ပါတီဝင်ဖောင်များ ဖြည့်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အမှတ် (၉) ရပ်ကွက် ပါတီခေါင်းဆောင်များသည် မေလ (၃) ရက် ညနေ (၄) နာရီခွဲအချိန်မှစ၍ ရပ်ကွက် အတွင်း ပါတီဝင်အင်အားစီစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေးများကောက်ခံခြင်း၊ ပါတီဝင်ဖောင်များ ဖြည့်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးခရီးလမ်း ဖြောင့်ဖြူးရေးကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေး

ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုပြီး ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လက်ရှိပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းလိုပါက အရာအားလုံးကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်း၍ရကြောင်း၊ မည်သည့်နိုင်ငံ တွင်မဆို ဒီမိုကရေစီစနစ်ကိုကျင့်သုံးပါက လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းပြီး နိုင်ငံရေးအရဆွေးနွေးမှုများဖြင့် ဆောင်ရွက်ကြကြောင်း၊ လုပ်သင့်လုပ်ထိုက် သည်များကို အာမခံချက်များ ရယူလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေး ခရီးလမ်းဖြောင့်ဖြူးမည်ဟု ယုံကြည်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အား မေလ (၃) ရက် ညနေ ၃ နာရီ ခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

(more…)


ဘဏ်ကောလာဟလ ဖြစ်သည့်အတွက် ပြည်သူများ မစိုးရိမ်ရန် ဗဟိုဘဏ်မှ တာဝန်ရှိသူပြောကြား

ဘဏ်တစ်ခုအခက်အခဲကြုံလာပါက လိုအပ်ချက်ငွေကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်ရန် ဗဟိုဘဏ် အနေဖြင့် အမြဲတမ်းအဆင်သင့်ပြင်ဆင်ထားသည့်အတွက် ပြင်ပတွင် ဖြစ်ပေါ်နေသည့် ဘဏ်တစ်ခုမှ ငွေ မထုတ်ပေးနိုင်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကောလာဟလသာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မစိုးရိမ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆင်ဟွာကိုပြောသည်။ (more…)