ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုပြီး ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လက်ရှိပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းလိုပါက အရာအားလုံးကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်း၍ရကြောင်း၊ မည်သည့်နိုင်ငံ တွင်မဆို ဒီမိုကရေစီစနစ်ကိုကျင့်သုံးပါက လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းပြီး နိုင်ငံရေးအရဆွေးနွေးမှုများဖြင့် ဆောင်ရွက်ကြကြောင်း၊ လုပ်သင့်လုပ်ထိုက် သည်များကို အာမခံချက်များ ရယူလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေး ခရီးလမ်းဖြောင့်ဖြူးမည်ဟု ယုံကြည်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အား မေလ (၃) ရက် ညနေ ၃ နာရီ ခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
ဘဏ်ကောလာဟလ ဖြစ်သည့်အတွက် ပြည်သူများ မစိုးရိမ်ရန် ဗဟိုဘဏ်မှ တာဝန်ရှိသူပြောကြား
ဘဏ်တစ်ခုအခက်အခဲကြုံလာပါက လိုအပ်ချက်ငွေကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်ရန် ဗဟိုဘဏ် အနေဖြင့် အမြဲတမ်းအဆင်သင့်ပြင်ဆင်ထားသည့်အတွက် ပြင်ပတွင် ဖြစ်ပေါ်နေသည့် ဘဏ်တစ်ခုမှ ငွေ မထုတ်ပေးနိုင်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကောလာဟလသာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မစိုးရိမ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆင်ဟွာကိုပြောသည်။ (more…)
ကမ္ဘာ့အမွေအနှစ် စာရင်း တင်ရန် ပုဂံဒေသရှိ ဒြပ်မဲ့ယဉ်ကျေးမှုများ စာရင်းကောက်
ပုဂံယဉ်ကျေးမှုဒေသကို ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်း (မူကြမ်း) တင်သွင်းနိုင်ရေးအတွက် ဒေသတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုများကို ယူနက်စကိုနည်းဖြင့် စာရင်းကောက်ယူမှု စတင်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ (more…)
လိုင်သာယာ အမှတ်(၁၆) ၇ပ်ကွက်တွင် ပါတီဝင်အင်အား ကွင်းဆင်းစီစစ်
လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၃.၅.၂၀၁၇) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်မှ စတင်ကာ လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက်သို့ ကွင်းဆင်း၍ ပါတီဝင်အင်အား စီစစ်ခြင်းနှင့် ပါတီဝင် နှစ်စဉ် ကြေး ပေးသွင်းရေး၊ ပါတီဝင်သစ်များ တိုးပွားရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၇ ပြည်သူ့ဂုဏ်ရည် ဆုအတွက် အမည်စာရင်း သွင်းခံရသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၄၀ ခန့်ရှိ
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ၂၀၁၇ အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း တင်သွင်းခံရသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၇ ဦး ရှိကြောင်း မေလ ၁ ရက်စွဲဖြင့် ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်သည်။ (more…)
တက္ကသိုလ်ဝင်တန်းတက်ရန် တစ်နှစ်စာပညာရေးစရိတ် ထောက်ပံ့
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယက ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (ပထမအကြိမ်) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်မှ အမှတ်၂၈ ရပ်ကွက်ရှိ ပညာ သင်ကြားရန် အခက်အခဲရှိနေသော (၁၀) တန်းဖြေဆိုမည့် ကျောင်းသား မောင်ညီညီဇော်အား တစ်နှစ်စာ ပညာရေး ထောက်ပံ့စရိတ်အဖြစ် `မြတ်ပညာဟိဏ်း´ စာသင်ဝိုင်းတွင် အပ်နှံပေးခဲ့ပါသည်။
တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲရေးနည်းပြ(ဆင့်ပွား)သင်တန်းဖွင့်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံ ခန့်ခွဲရေးနည်းပြ(ဆင့်ပွား)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် ပါတီရုံးတွင် ကျင်းပခဲ့သည်။
သင်တန်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ သင်တန်းနည်းပြ ဦးသိန်းမြင့်ထွန်း(ရေတာရှည်) မြို့နယ် ပါတီဥက္ကဋ္ဌနှင့် တောင်ငူမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုး တို့က ဦးဆောင်ဆွေးနွေးပို့ချပြီး တောင်ငူခရိုင် ခြောက်မြို့နယ်မှ မြို့နယ် ပါတီဥက္ကဋ္ဌ အပါအဝင်စုစုပေါင်း သင်တန်းသားသင်တန်းသူ ၅ဝ ခန့် တက်ရောက်ကြသည်။
အဆိုပါသင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းပြောင်းရွှေ့မှု အရည်အချင်းစစ် စာမေးပွဲဖြေဆို ခွင့်လျှောက်လွှာများ မေလ ၈ ရက်မှစ၍ ထုတ်ယူနိုင်မည်
နိုင်ငံတကာကျောင်းများနှင့် နိုင်ငံတကာသင်ရိုးသင် ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ ပညာရေး ဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများ၊ ဝန်ကြီးဌာ ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့ သင်ယူ လိုသည့် ကျောင်းသားများအနေနှင့် အရည်အချင်းစစ်စာမေးပွဲ (Placement Test) ဖြေဆိုခွင့်လျှောက်လွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးတွင် မေလ ၈ ရက်မှစ၍ အခမဲ့ထုတ်ယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။
မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ် သတိထားဖို့လို
ဒေသကိုလိုက်ပြီး အပူချိန်ပြင်းထန်နိုင်တယ်လို့ ဒေါက်ထာထွန်းလွင်က သတိပေးထားပါတယ်။ မြင့်တက်နေတဲ့ အပူချိန်တွေကြောင့် မြန်မာနိုင်ထဲက ဒေသတချို့မှာ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပြီး မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ်ကို သတိထားဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။ (more…)
ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်
ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်း ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇)ကို ယမန်နေ့ နံနက် ၈နာရီက ပြည်မြို့ ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမဆောင် ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။