တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ထံမှ “ဝ”အမျိုးသားအဖွဲ့ချုပ် (WNO) နုတ်ထွက်စာ တင်သွား မည်ဖြစ်ကြောင်း WNO ထံမှ သိရသည်။ ယင်းသို့ WNO နုတ်ထွက်မည် ဆိုသည့်သတင်းမှာ UNFC မှ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နုတ်ထွက်စာ တင်ထားသည်ဟု သတင်းများ ထွက်ပေါ်အပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ (more…)
၂၁ ပင်လုံညီလာခံ ပြင်ဆင်သည့် အစည်းအဝေးများ ခုနစ်ရက်ဆက်တိုက် ပြုလုပ်မည်
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလ ၂၄ ရက်တွင် ကျင်းပမည် ဖြစ်ရာ ယင်းညီလာခံအတွက် ပြင်ဆင်သည့် အစည်းအဝေးများကို မေလ ၇ ရက် (ယနေ့) ကစ၍ ၁၃ ရက်အထိ ခုနစ်ရက် ဆက်တိုက်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
ရန်ကုန်-ဒလ တံတားစီမံကိန်း ၂၀၁၈ ဇန်နဝါရီတွင် စတင်တည်ဆောက်မည်
ရန်ကုန်နှင့် ဒလကို ဆက်သွယ်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား တည်ဆောက်ခြင်းကို ၂၀၁၈ ဇန်နဝါရီတွင် စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ (more…)
ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်း ဧက ငါးသောင်းခန့်ထိ တိုးချဲ့မည်
ဒေသခံတို့၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်းကို ဧက ငါးသောင်းခန့်အထိ တိုးချဲ့သတ်မှတ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရှိ ရသည်။ (more…)
မြို့နယ်အုပ်ချုပ်ရေးဥပဒေကြမ်း လာမည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဥပဒေကြမ်း ဆွေးနွေးအတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ လိုက်ပြီဖြစ်သည်။ အဆိုပါ ဥပဒေကြမ်း ရေးဆွဲရာ၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ထံမှ သိရသည်။ (more…)
ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဆိုင်းငံ့မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရန် ALP စာပို့
ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဆိုင်းငံ့မှုနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ အကြား တွေ့ဆုံဆွေးနွေးရန် ကော်မရှင်သို့ စာပေးပို့ထားကြောင်း ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။ (more…)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ချက်
သိုင်းပညာသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီမှ ဒေါက်တာ ၀င်းမြင့်အောင် တက်ရောက်
(6-5-2017) နေ့ နံနက် (9:00 မှ12;00) ထိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ် တဲကြီးကုန်းကျေးရွာ မြန်မာရိုးရာ သိုင်းပညာ ( ဗန်တို ဗန်ရှည် လက်နက် မဲ့) သိုင်းပညာများကို သိုင်းပညာရှင် ဆရာကြီး ဦးမြင့်သန်း ငွေဗျိုင်း (ပင်မ)
ဦးအေးတို့မှ ပေးအပ်ပွဲ နွေရာသီ မြန်မာရိုးရာ သိုင်းပညာသင်တန်းဖွင့်ပွဲသို့ 
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီမှ ဒေါက်တာ ဝင်းမြင့်အောင် တက်ရောက်၍ သင်တန်းသားများအား အမျိုးဘာသာ သာသနာနှင့် တိုင်ပြည်နှင့်လူမျိုး ကာကွယ်စောင့်ရှောက်သွားကြရန် မှာကြား ပြောဆိုခဲ့ကြောင်းသတင်းရရှိပါသည်။
မုဒုံမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များ၏ နှစ်စဉ်ကြေးပေးသွင်းခြင်းနှင့် ရပ်/ကျေး လပတ်အစည်းအဝေး ပြုလုပ်
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မေ
(၇) ရက်နေ့ နံနက်( (၁၁း၀၀) နာရီချိန်မှ စတင်ကာ ရပ်/ကျေးလပတ်အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်မှ ပြည်နယ်ပါတီရဲ့ လမ်းညွန်ချက်များ၊ ပါတီရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ချပြဆွေးနွေးကာ တက်ရောက်လာကြသူများမှ ပြန်လည်ဆွေးနွေးခဲ့သည်။
ပါတီဝင်စီစစ်ရေးဆောင်ရွက်
6-5-2017 ရက်နေ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်အုပ်စု ဟဲပုအုပ်စုများ၌ ပါတီဝင်စီစစ်ရေးဆောင်ရွက်ရာ မိုးညှင်းခရိုင် ကော်မတီဝင် ဦးဖိုးထောင်၊ ဦးဖုန်းမြင့်၊ မိုးညှင်းမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း ကော်မတီဝင် ဦးတင်ညွန့်(စီမံ) ဦးမြင့်သန်း ဒေါ်သီတာဝင်း အင်းတော်ကြီး ဒေသတာဝန်ခံ ဦးမောင်မောင် ၊လူငယ်ကေဒါ ဦးအောင်ကိုဝင်းတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
မိုးညှင်းပြည်ခိုင်ဖြိုးပါတီ