မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ် သတိထားဖို့လို

ဒေသကိုလိုက်ပြီး အပူချိန်ပြင်းထန်နိုင်တယ်လို့ ဒေါက်ထာထွန်းလွင်က သတိပေးထားပါတယ်။ မြင့်တက်နေတဲ့ အပူချိန်တွေကြောင့် မြန်မာနိုင်ထဲက ဒေသတချို့မှာ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပြီး မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ်ကို သတိထားဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။ (more…)


ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်း ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇)ကို ယမန်နေ့ နံနက် ၈နာရီက ပြည်မြို့ ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမဆောင် ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(more…)


တွံတေးပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်း သင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နွေရာသီသိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇နာရီခွဲကကျင်းပရာ အခမ်းအနား သို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်၊ အတွင်း ရေးမှူးဦးတင်ဝင်းထွန်း၊ ဘဏ္ဍာ ရေးမှူး ဦးမင်းနိုင်၊ ဦးမြသောင်း မြို့နယ်ကော်မတီဝင်များ၊ရပ်/စည်း အမှုဆောင်များနှင့်သင်တန်းသား ၂၅ ဦးတက်ရောက်ကြပြီး သင် တန်းဆရာအဖြစ် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်နာယက ဆရာကြီး ဦးထွန်းခင်က ကြီးကြပ်သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်က အမှာ စကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းနှင့်ပါတီကြေး ပါတီဝင်နှစ်စဉ်ကြေးကောက်ခံခြင်း ကွင်းဆင်းဆောင်ရွက်

 

မြောက်ဥက္ကလာမြို့နယ်ပြည် ခိုင်ဖြိုးပါတီမှတိုင်း၊ခရိုင်လမ်းညွှန် ချက်နှင့်ပါတီဝင်စိစစ်ခြင်းလုပ်ငန်း အားရွေပေါက္ကံ(၁၅)ရပ်ကွက်နှင့်(ည) ရပ်ကွက်(ဃ)ရပ်ကွက်၊ ကျောက် တွင်းရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းအားမြို့နယ်စည်းရုံး ရေးတာဝန်ခံဦးအေးမင်းဇော်၊ ရွှေ ပေါက္ကံနယ်မြေခွဲတာဝန်ခံဦးသန်းဦး၊ မြို့နယ်ပါတီစီးပွားရေးရာ တာဝန်ခံ ဦးမျိုးဝင်း၊(ည)ရပ်ကွက် နယ်မြေ တာဝန်ခံဦးအောင်ဝင်း၊ အမျိုးသမီး ရေးရာတာဝန်ခံဒေါ်သန္တာဦး၊(ဃ) နယ်မြေတာဝန်ခံ ဦးကျော်မင်း၊ သတင်းတာဝန်ခံဦးမင်းလွင်၊ကျောက် ရေတွင်းနယ်မြေတာဝန်ခံဦးဝင်းကျင် တို့နှင့်ရပ်ကွက် အသီးသီးမှကော်မ တီဝင်များစုပေါင်းကွင်းဆင်းဆောင် ရွက်ကြောင်း သိရသည်။
အေးမင်းဇော်(မြောက်ဥက္ကလာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး(၂/၂ဝ၁၇)ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၇)ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

 

(more…)


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းအား အိန္ဒိယနိုင်ငံ AamAadmi ပါတီမှ ပြောရေးဆိုခွင့်ရှိသူနှင့် ဒိန်းမတ်နိုင်ငံ Alternative ပါတီမှကိုယ်စားလှယ်အဖွဲ့တို့ လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းအား ဒီမိုကရေစီ ဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ Aam Aadmi ပါတီမှပါတီ ပြောရေးဆိုခွင့် ရှိသူ Mr.Raghav Chadha နှင့် ဒိန်းမတ်နိုင်ငံ Alternative ပါတီမှ ပါတီခေါင်း ဆောင်တစ်ဦးဖြစ်သူ Mr. Tom Richter တို့မှ နေပြည်တော် ပြည်ခိုင်ဖြိုး ပါတီဌာနချုပ် ဧည့်ခန်းမတွင် မေလ (၂) ရက် နံနက် ၉ နာရီခွဲ၌ လာရောက်တွေ့ဆုံခဲ့သည်။

သပိတ်​ကျင်းမြို့နယ်​ မြို့နယ်​ပါတီလစဉ်​ပုံမှန်​အစည်း​ဝေး ကျင်းပ

 

3.5.2017 ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​​သည့်​ မန္တ​လေးတိုင်း​ဒေသကြီး
ပြင်​ဦးလွင်​ခရိုင်​ သပိတ်​ကျင်းမြို့နယ်​ မြို့နယ်​ပါတီရုံး တွင်​ကျင်းပပြုလုပ်​​သော ပါတီလစဉ်​ပုံမှန်​ အစည်း​ဝေးသို့ မြို့နယ်​ပါတီဥက္ကဌ ဦးထွန်းတင့်​ အပါအဝင်​ မြို့နယ်​ ရပ်​​ကျေး ပါတီ​ကော်​​မတီဝင်​များ ရပ်​ကွက်​​ကျေးရွာ ပ ဒု ​ခေါင်း​ဆောင်​များသတင်း​မီဒီယာ ​ရပ်​​ကျေးခေါင်း​ဆောင်​များ စုစု​ပေါင်း အင်​အား ၅၀ ခန့့်​တက်​​ရောက်​ပြီး ​ဆွေး​နွေးခဲကကြကြောင်း သတင်း ရရှိပါ သည်​။

ရေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင်​ ရေးမြို့နယ်​ ပါတီရုံးအစည်းဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးကျော်သူရနှင့် မြို့နယ်ကော်မတီဝင်များ တက်​​ရောက်ကြသည်​။

အစည်း​ဝေးတွင်​ မြို့နယ် ပါတီဥက္ကဌမှ ပါတီဝင်​စိစစ်ရေးလုပ်​ငန်းများ အချိန်​မီ ပြီးစီးရန်​နှင့်​ ပါတီဝင်​များ စွမ်းရည်​မြှင့်​သင်​တန်း ဖွင့်​လှစ်​နိုင်ရေး အတွက်​ အပြန်​အလှန်​​ဆွေး​နွေးခဲ့ကြကြောင်း သိရှိရပါသည်​။

နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်

 

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းဒေသ မျက်တိုကျေးရွာအုပ်စု မဲဇလီကုန်းကျေးရွာ နေဝန်းသစ်လူငယ်ပရဟိတမှ ဦးဆောင်ဖွင့်လှစ်သည့် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ တစ်လသင်တန်း ဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် ထူးချွန်ဆုပေးပွဲတွင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေးခဲ့ပြီး သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ) ရရှိသော ထူးချွန် ကျောင်းသား (၃) ဦးအား ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးမှ စက်ဘီး (၃)စီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာပါတီခေါင်းဆောင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင် ပါတီဥက္ကဌ ဦးဘိုစံ နှင့် မြို့နယ်ကော်မတီဝင် များဖြစ်ကြသည့် ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်၊ ဦးထက်အောင် တို့သည် (၃၀-၄-၂၀၁၇) ရက်နေ့ နံနက် (၈) နာရီအချိန်က မိုင်းဟဲ (အောက်) အုပ်စု၊ ကျောက်လှိုင်ဂူ (အောက်) ရွာသို့ သွားရောက်၍ ကျေးရွာပါတီခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့သည်။