၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ နံနက် ၉း၀၀ အချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အောက်ထပ်၌ သတင်းမီဒီယာသင်တန်းဖွင့်ပွဲ အခမ်း အနားတစ်ရပ် ကျင်းပခဲ့သည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ နံနက် ၉း၀၀ အချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အောက်ထပ်၌ သတင်းမီဒီယာသင်တန်းဖွင့်ပွဲ အခမ်း အနားတစ်ရပ် ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကချင် ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦးနှင့် ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့သည် ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပ သော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်များထံမှ သီလသြ၀ါဒများခံယူကာ ၀ါဆိုသင်္ကန်း၊ ဆွမ်းအစရှိသည့် လှူဖွယ်ပစ္စည်းအစုစုအားလှူဒါန်းပူဇော်ပူဇော်ကြသည်။
မင်းဘူး(စကု)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးကို ယနေ့ 10 .8. 2017 နေ့တွင် မင်းဘူး (စကု) မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး ၊ တိုင်းအရံပါတီ ကော်မတီ ဦးအေးသူ၊ ခရိုင်ပါတီ ဥက္ကဌ ဒေါ်သီမာလှိုင်၊ မြို့နယ်ပါတီ ဥက္ကဌ ဦးကျော်ဝင်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှုး ဒေါ်စံပါယ်မင်းနှင့် ပါတီကော်မတီ ဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ကျေးရွာပါတီခေါင်းဆောင် များ တတ်ရောက်ပြီး ဗဟို/ တိုင်း/ ခရိုင်များမှ ညွှန်ကြားချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးနှင့် ဆောင်ရွက်ပြီးစီးမှုများ တင်ပြဆွေးနွေးကြပြီး လစ်လပ်ပါတီကော်မတီများ တာဝန်ပေးအပ်နိုင် ရေး ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။
ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်-ငြိမ်း)၊ ဦးမှတ်ကြီး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်-ငြိမ်း)၊ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ဥက္ကဌနှင့်ကော်မတီဝင်များ၊ နေပြည်တော် ၈ မြို့နယ်မှဥက္ကဌနှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေး ၃၆ အုပ်စုမှ အမာခံ စည်းရုံးရေးအဖွဲ့ဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြောင်းသိရသည်။
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ကြီးမှူးကျင်းပသော ရပ်/ ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်က မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသည်တတိယအကြိမ်ပါတီဝင် မိသားစုများ၏ တက္ကသိုလ်ပညာတက်ရောက်သင်ကြားနေသည့် ကျောင်းသား ကျောင်းသူ၁၇ ဦးတို့အား လေးလ တစ်ကြိမ်ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝနာရီခွဲက ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးတင်အောင်၊ ဒေါ်စန်းစန်းဝင်းနှင့်တိုင်းဒေသကြီးအရန်ကော်မတီဝင်ဒေါက်တာမြင့်သိန်း၊ ပညာသင်ထောက်ပံ့ကြေးရရှိထားသည့် ကျောင်းသားကျောင်းသူ ၁၇ ဦး နှင့် ကျောင်းသားမိဘများတက်ရောက်ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းမောင်နှင့် ခရိုင်အတွင်းရေးမှူးတို့ သည် ဇူလိုင်လ (၂၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ အရန်ပါတီကော်မတီဝင်များနှင့် တွေဆုံဆွေးနွေးပြီး ဘိုကလေးမြို့ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ အဖိုး အဖွားများအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
(2.8.2017) နေ့ မွန်းလွဲ (3:00) နာရီအချိန် သံတွဲခရိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ် ပါတီဝင်များ၊ အမျိုးသမီးရေးရာ တာဝန်ခံများ ပူးပေါင်း၍ အံတော်ကျေးရွာမှ လူငယ်ပါတီဝင် ကိုအောင်ကို ဝင်း၊ အမျိုးသမီးရေးရာပါတီဝင် မချိုမီထွန်းတို့၏ မိခင်ဒေါ်မနီအား ကျန်းမာရေး ထောက်ပံ့ငွေ (၃) သောင်းကျပ်နှင့် နန်းချောင်းကျေးရွာ ပါတီအတွင်းရေးမှူး ဦးမင်းမင်းဦးသားအတွက် အာဟာရဓါတ်စာများ ပေးအပ် လှူဒါန်းခဲ့သည်။
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာနှင့် အလုပ်သမားရေးရာတွေ့ဆုံပွဲကို ၃.၈.၂၀၁၇ ရက်နေ့ ၀၉း၀၀ နာရီတွင် တိုင်းပါတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုတောင်သူလယ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဘဏ္ဍာရးမှူး ဦးကြည်ထွန်း နှင့် တိုင်းပါတီကော်မတီဝင်များ/အရံကော်မတီဝင်များ၊ ၅ ခရိုင်နှင့် ၂၅ မြို့နယ်တို့မှ တောင်သူ/အလုပ်သမားရေးရာ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ယမန်နေ့ သြဂုတ် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီနှင့် အရံကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ကြသည်။