နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး စင်ကာပူနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် ဩဂုတ် ၇ ရက်ကစတင်၍ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင် နိုင်ဦးက ပြောကြားသည်။
စင်ကာပူသည် တရုတ်နိုင်ငံပြီးလျှင် ပြည်တွင်း၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကာ ကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။ စီးပွားရေးကုမ္ပဏီများအတွက် ခိုင်မာမှုရရှိစေရန် ကာကွယ်ပေးရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုရန် အဆိုပြု ကမ်းလှမ်းပြီး ပထမဆုံးအကြိမ် လာရောက်ဆွေးနွေးခြင်းဖြစ်သည်။
