လွှတ်တော်အမတ်များသည် လူထုနှင့်အစိုးရကြားတွင် တံတားအဖြစ် သာရှိသင့်ပြီး တံတိုင်းမဖြစ်ရဟု ဒေါက်တာအေးမောင်က ပြောကြားလိုက်ကြောင်း သိရသည်။ (more…)
လွှတ်တော်အမတ်များသည် လူထုနှင့် အစိုးရကြားတွင် တံတားအဖြစ်သာရှိသင့် တံတိုင်းမဖြစ်ရဟု ဒေါက်တာ အေးမောင်ဆို
လွှတ်တော်အမတ်များသည် လူထုနှင့်အစိုးရကြားတွင် တံတားအဖြစ် သာရှိသင့်ပြီး တံတိုင်းမဖြစ်ရဟု ဒေါက်တာအေးမောင်က ပြောကြားလိုက်ကြောင်း သိရသည်။ (more…)
တရုတ်ရေတပ်သင်္ဘောအုပ်စု မြန်မာနိုင်ငံသို့ ငါးကြိမ်မြောက် လာရောက် နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်ခြင်း၊ စစ်ရေး ဖလှယ်ခြင်းများ ပြုလုပ်ရန်ရှိဟု ထုတ်ပြန်
တရုတ်ရေတပ်သည် မြန်မာ့တပ်မတော်(ရေ)နှင့်အတူ လက်တွဲလုပ်ဆောင်မည်ဖြစ်ပြီး တရုတ်ရေတပ် သင်္ဘော အုပ်စု လာရောက်ခြင်းသည် နှစ်နိုင်ငံဒေ သငြိမ်းချမ်းရေး အကျိုးပြုနိုင်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်၏ရေတပ်၊ အရှေ့ပင်လယ်ရေယာဉ်စု ဒုတိယတပ်မှူး၊ အမှုဆောင်အဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ရှန်ဟိုက ပြောကြားသည်။ (more…)
မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ မေလ ၂၅ ရက်နောက်ပိုင်း မုတ်သုံလေဝင်ရောက်နိုင်
အနောက်တောင်မုတ် သုံလေသည် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့မေ လ ၂၅ ရက် နောက်ပိုင်း ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။ (more…)
မြိတ်မြို့နယ်၊ ဒေသအကျိုး ပြည်ခိုင်ဖြိုးမှ ကွင်းဆင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးမိုးမြင့် နှင့်မြို့နယ်ပါတီကော်မတီဝင်
များလိုက်ပါသောအဖွဲ့သည် မေလ ၁၇ရက် ၊ နေ့လည်ပိုင်းတွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက် သဒ္ဓမ္မဗိမာန်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော်နှင့်တွေ့ဆုံ၍ ဩဝါဒ ခံယူခဲ့ကြသည်။
သပိတ်ကျင်း၌ တိုက်နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီ ကွင်းဆင်းစည်းရုံး
မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်အတွင်း ရေးမှူး ဦးမြင့်စိုးတို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယခုလ ဒုတိယပတ်မှစတင်ပြီး တိုက်နယ်အလိုက်ကွင်းဆင်းစည်းရုံး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အုပ်စုအလိုက်ခွဲ၍ ကွင်း ဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပါတီ ကော်မတီဝင်ဦးကျော်အေး၊ မြို့နယ်ကော်မတီဝင်ဦးကျော်သိန်းစိုး၊ ပါတီ ကော်မတီဝင် ဦးလှိုင်မျိုးဝင်း ခေါင်းဆောင်သောအဖွဲ့အသီးသီးက ကွင်းဆင်းလျက် ပါတီဝင်အသစ်များ တိုးချဲ့စည်းရုံးရေး၊ ပါတီဝင်စိစစ်ရေး နှင့် နှစ်စဉ်ကြေး ကောက်ခံခြင်းလုပ်ငန်းများကို ကျေးရွာရှိရပ်ကျေး တာဝန်ခံများ၊ ရပ်ကျေးပါတီဝင်များနှင့်ရင်းနှီးစွာ တွေ့ဆုံပြီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုး လပတ်ပုံမှန်စည်းဝေး၊ ပါတီဝင်အင်အား စိစစ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ လပတ်ပှံမှန်စည်းဝေးကို မေလ (၁၇) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညနေ (၃) နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် တတ/၄၇/၆ နယ်မြေ(၄) ဦးထိန်လင်းအိမ်၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ စည်းရုံးရေးတာဝန်ခံ ကိုစံရ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များနှင့် ပါတီဝင်အင်အား စီစစ်ရေးလုပ်ငန်းညှိနှိုင်း စည်းဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့်ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ
ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ၌ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တအာသဖ အမှူးပြုသော ပင့်သံဃာ ၂၅ ပါြး<ွကရောက်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တပည့်ဒါယကာ၊ ဒါယိကာမ များ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ ဆရာတော်၊ ရန်အောင်ဇေယုတောင်တောရ ဆရာတော် ဘဒ္ဒန္တဝိလာသထံမှငါးပါးသီလခံယူဆောက်တည်၍ မြို့မိမြို့ဖဆရာကြီးဦးဘညွန့်က ဆရာတော်အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်အေးက ဌာနဆိုင်ရာ စုပေါင်းလှူဒါန်းသည့် ဝတ္ထုငွေကိုဆက်ကပ်လှူဒါန်းသည်။ မြို့နယ်သာသနာရေးမှူး ဦးကျော်ဦးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး စောင်းကြည်သာဗိုလ်နှင့်အဖွဲ့က ဂုဏ်ပြုတေးထပ်များဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော်က အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
လှူဒါန်းပေးပါသော အလှူရှင်မိသားစုများအား သွေးမေတ္တာ”အသင်းမှဆုတောင်းမေတ္တာပို့သ
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦး မြို့နယ် ” သွေးမေတ္တာ “လူမှုကူညီရေးနှင့် သွေးလှူရှင်များ အသင်းမှ ၁၈ – ၅ – ၂၀၁၇ ရက်နေ့ ၀၅း ၃၀ နာရီ တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ လူနာများအား အပတ်စဉ်ကြက်သားဆန်ပြုတ်များ သွားရောက်လှူဒါန်းလျှက်ရှိရာ စေတနာ သဒ္ဓါပေါက်၍ ယခုအပတ်အတွက် ကုသိုလ်ရှင်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစုမှ လှူဒါန်း ပါသည်။
မိုးညှင်းပြည်ခိုင်ဖြိုးပါတီ တရားစခန်းသို့ အလှူငွေ လှူဒါန်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်တွင်းရေးမှူး ဦးဌေးဝင်း (လူငယ် ရေးရာတာဝန်ခံ)၊ မြို့နယ်ကော်မတီဝင် ဦးမြဝင်း (ဟိုပင်တာဝန်ခံ)၊ ဒေသကော်မတီ ဦးစောအေးလွင် ဦးမင်းအောင်နှင့် ရပ်ကျေးကော်မတီဝင်များမှ မေလ (၁၇) ရက် နံနက် (၁၁) နာရီအချိန်က မိုးညှင်းမြို့နယ် ဟိုပင်ဒေသ အရှေ့ကျောင်းကြီးတိုက် လယ်တီတရာစခန်း (၁၂)ကြိမ်မြောက် တရားစခန်းသို့ သွားရောက်၍ အလှူငွေ ၅၀၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။