ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးအင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့် ခံပွဲသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယနေ့ည ၇နာရီအချိန်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့တက်ရောက်ခဲသည်။
အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်း၊အင်ဒိုနီးရှားနိုင်ငံတော်သီချင်းများဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။


ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အဆုံးအဖြတ်ပေးမယ့်နေ့ ၀င်းနဲ့ဇော် အတွက် ဆုတောင်းပေးကြပါ

ဒီနေ့သည် ဝင်းနဲ့ ဇော်အတွက် နောက်ဆုံး အဆုံးဖြတ်ပေးမယ့်နေ့လေးမို့ပါ။ အခုတစ်လော fb မှာ တက်နေတဲ့ ဝင်း နဲ့ ဇော် လုံးဝ ကွင်းလုံးကျွတ်လွတ်ပြီ ဆိုတဲ့ သတင်းလုံးဝမဟုတ်ပါဘူး။ မသမာသူတွေက ဝင်းနဲ့ဇော်ကို မေ့သွားအောင် တမင်ဝါဒဖြန့်ထားတာပါ။ ဒါကြောင့်လူအများ သွေးအေးမသွားအောင် SHARE လုပ်ပြီး ဆုတောင်းပေးကြစေချင်ပါတယ်။ ထိုင်းရောက်မြန်မာများ အခုလိုအဖြစ်မျိုးကင်းဝေးကြပါစေ ။ ( 21 .8 . 2017 ) နောက်ဆုံးအယူခံတက်ရန် ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း(လိပ်ကျွန်း)အမှုတွင် ကြိုတင် ထွက်ဆိုချက် ပေးခဲ့ကြသောသက်သေ(၃)ဦး)- တရားစီရင်ချက်ချမှတ်ခံထားရသည်မှာ-

ပြည်တွင်းပုလဲရောင်းချပွဲ အားလုံးရောင်းရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိ

နေပြည်တော် တွင် ပြုလုပ်သည့် (၃၅)ကြိမ် မြောက် ပြည်တွင်းပုလဲရောင်းချပွဲ တွင် ပြသရောင်းချသော ပုလဲအ တွဲအားလုံးရောင်းချရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိကြောင်း  ပုလဲလုပ်ငန်းဌာနမှူး ဒေါ်မြမြ၀င်း က ပြောသည်။

မြန်မာနဲ့ ကုန်သွယ်ရေး ခိုင်မာအောင် အိန္ဒိယ လုပ်ဆောင်

အိန္ဒိယနိုင်ငံ အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ကြား စီးပွားရေးအရ ဆက်ဆံရေး ပိုပြီး ခိုင်မာအောင် ပြုလုပ်နေတာမှာ အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ကြား ကုန်သွယ်ရေး ကောင်းမွန်အောင် လိုအပ် တာတွေ လုပ်ဆောင်နှင့်ပြီး ဖြစ်တယ်လို့ အိန္ဒိယ ဗဟိုအစိုးရရဲ့ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေး အမျိုးသမီး ဝန်ကြီး နီရ်မာလာ ဆီထာရာမင်က ပြောပါတယ်။

UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စာတင်ကြောင်း SSPP/SSA အတည်ပြု

ညီညွှတ်တော်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှုတ်ထွက်စာတင်ထားကြောင်း ပြောရေး ဆိုခွင့်ရှိသူ စိုင်းဘုန်းဟန်က အတည်ပြုပါသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့်ပြည်ခိုင်ဖြိုးပါတီပျဉ်းမနားမြို့နယ်ကျေးရွာ အုပ်စုများရှိ စာသင်ကျောင်းများအား အခမဲ့ခြင်ဆေးဖျန်း

 

နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ စာသင် ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခြင်ဆေးလိုက်လံဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံ ကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်း များနှင့် ပတ်သက်၍ အကျယ် တဝင့် ဆွေးနွေးခဲ့သည်။

ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ ကသစ်ဝိုင်ရိပ်သာ ၁ဝ ရက်စခန်းကို လုပ်အားဒါနပြုလုပ်ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ရွှေမင်းဝံကုန်းမြေ ကသစ်ဝိုင်ဓမ္မရိပ်သာ (၆၁)ကြိမ်မြောက် ၁ဝ ရက်စခန်း အလုပ်ပေးတရားစခန်းဝင်ယောဂီ များ၏ ဝေယျာဝစ္စများကို ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် လူငယ်ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်၊ အမျိုးသမီးရေးရာ တာဝန်ခံနှင့် ပါတီကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင် စုစုပေါင်း ၃ဝ ခန့်တို့က ယနေ့နံနက် ၄ နာရီမှစ၍ လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ရာ နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမြောက်ပိုင်းခရိုင်တာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကုသိုလ်ယူ ခဲ့ကြကြောင်း သိရသည်။