က​လောမြို့နယ်​ လစ်​လပ်​​ကော်​မတီ​ရွေးချယ်​ပွဲ ကျင်းပ
ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုလ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သံဃာတော်သုံးပါး ပင့်ဖိတ်ခဲ့ပြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးလှထွန်းဖြူနှင့် မြို့နယ်ပါတီရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘထီး၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အောင်လံမြို့နယ် ပြည်ခိုင်ဖြိုး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ယမန်နေ့တွင် မြို့ပေါ်ရှိစိန်စည်သာသန့ာရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ ပေါက်နွယ်ခြုံ ဘုန်းတော်ကြီးကျောင်း၊ ဇယျဝတီ ရပ်ကွက်မှ နေအိမ်သုံးအိမ်၊ စမ်းချောင်းရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်း၊ ရွာထောင်ရပ် ကွက်မှ နေအိမ်သုံးအိမ်တို့ကို သွေးလွန်တုပ်ကွေး ကာကွယ်ရန် ခြင်ဆေးများ ပက်ဖျန်းခြင်းကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင် ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များက ဝိုင်းဝန်း၍ ဆောင်ရွက် ခဲ့သည်။
ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း(၁/၂ဝ၁၇)ဖွင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇေယျာသီရိမြို့နယ်၌ ယနေ့နံနက် ၉နာရီခွဲတွင် နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း (၁/ ၂ဝ၁၇)ဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားအစီအစဉ်ငါးရပ် ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးက သင်တန်းဖွင့် အမှာစကားပြောကြား၍ မြို့နယ် ပါတီ ဥက္ကဋ္ဌက သင်တန်းဖွင့်ရသည့်ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ပြီး ဘာသာရပ်များအလိုက် စတင် ပို့ချခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဘိုးဘွားရိပ်သာအတွင်း သန့်ရှင်းရေးဆောင်ရွက် အာဟာရဒါနပြု
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အင်အား ၂ဝ သည် ယနေ့နံနက် ၉ နာရီမှစ၍ ကြို့ပင်ကောက်မြို့(ရွှေကြို့မြေဘိုးဘွား ရိပ်သာ)တွင် နံနက်ပိုင်း၌ ထင်းဖြတ်သယ်ပေးခြင်း၊ ရိပ်သာဝင်းအတွင်း မြက်ရှင်းခြင်းနှင့် အထွေထွေသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြပြီး အဘိုးအဘွားများကို တစ်နေ့တာ နံနက်၊ နေ့လယ်၊ ညစာများနှင့် အချိုပွဲများဖြင့် လှူဒါန်းဒါနပြုခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင်အတွင်းရှိ ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းသည် ယနေ့ နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တောင်ငူခရိုင်ပါတီအပါအဝင်ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သော ရေတာ ရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ဖြူးမြို့နယ်များသို့ရောက်ရှိကာ ပါတီကော်မတီ ဝင် များနှင့်တွေ့ဆုံပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ်အရေးတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးကို ပူးပေါင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် ပြောကြား
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှု ကိစ္စရပ်များ တားဆီးကာကွယ်ရေးကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်က ပြောကြားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E. Mr. Jukar Boon-Long အား သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံစဉ် သံအမတ်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မစ္စတာကိုဖီအာနန် သြဂုတ်လ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ လာမည်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အကြံပြုချက် အစီရင်ခံတင်သွင်းချိန်တွင် အဖွဲ့ ခေါင်းဆောင်ဖြစ်သူ မစ္စတာကိုဖီအာနန် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
“မစ္စတာကိုဖီအာနန်လာဖို့ရှိပါတယ်။ သြဂုတ်လ နောက်ဆုံးပတ်မှာပါ ” ဟု ဟာဂျီဦးအေးလွင်က ပြောသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး အကြံပြုချက်အစီရင်ခံစာကို   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်ထံမှတဆင့် အစိုးရအဖွဲ့ထံ တင်သွင်းရမည်ဖြစ်ကာ ကော်မရှင်၏သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး အပါအဝင် သံရုံး ၁၀ ရုံးသည် ငွေလွှဲရန် အခက်အခဲရှိဟု ဒုဝန်ကြီးပြော
ပြည်ပတွင် မြန်မာသံရုံး ၄၄ ရုံးရှိသည့်အနက် သံရုံး ၁၀ ခုသည် ငွေပုံမှန်လွှဲပြောင်းပေးရန် အခက်အခဲရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က သြဂုတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။ ငွေလွှဲပြောင်းနိုင်ခြင်းမရှိသည့် သံရုံး ၁၀ ရုံးမှာ ကီပရာ(Kipawa)၊ ဘန်ကောက်၊ ကိုင်ရို၊ ပါရီ၊ ဘဲဂရိတ်၊ ဝါရှင်တန်၊ အော့တဝါ၊ နယူးယောက်၊ လော့စ်အန်ဂျလိစ်၊ ဘရာဇီးလီးယမ်းတို့ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာ့ကုန်ထုတ်လုပ်ငန်းများ စွမ်းရည်မြှင့်တင်ရန် ဂျပန်-မြန်မာအကြံပေးပညာရှင်များ ဆွေးနွေးအကြံပြုမည်
မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထုတ်လုပ်နိုင်စွမ်း  မြှင့်တင်ရေး ဂျပန်နှင့်မြန်မာ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်များက ဆွေးနွေးအကြံပြုမည်ဟု  ဂျပန်ကုန်ထုတ်လုပ်ငန်းဆိုင်ရာစင်တာ  ပညာရှင် မစ္စတာ Kyohei Kurachi က ပြောသည်။ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်လည်းဖြစ်သူ မစ္စတာ Kyohei Kurachi က ‘‘ကျွန်တော် တို့ သွားရောက်ဆွေးနွေးတဲ့အခါမှာ တကယ်လုပ်ပြတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သင်ပေးပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ခွန်အားကလည်း သင်ယူမှုမြင့်မားပါတယ်။ လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအား မြင့်မားဖို့ တိုက်တွန်းရမယ့်အရာတွေကို အကြံပေးသွားမှာပါ’’ဟု ၎င်းက ဆိုသည်။