ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ၊ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်း နှင့် မအူပင်မြို့နယ် ရပ်ကျေး ပါတီဝင်များ တွေ့ဆုံပွဲ

 

၂၇. ၈.၂၀၁၇ ရက်နေ့ နံနက် (၉း ၀၀) နာရီ အချိန်တွင်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးသန်းထွန်း ၊တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကို ၊တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီ ဥက္ကဌ နှင့်ပါတီကော်မတီဝင်များ ၊ မြို့နယ်ပါတီ ဥက္ကဌနှင့် ပါတီကော်မတီဝင်များ သည် မအူပင်မြို့နယ် ၊ ထနီးကျေးရွာ ပါတီဝင်များ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ အင်​အား ၂၀၀ ခန့်​တက်​​ရောက်​ခဲ့​ကြပါသည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည်​ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု စာဖြူ စုကျေးရွာ ဒေသခံပါတီဝင်ဦးတင်ညွန့် နေအိမ်တွင် မိဘပြည်သူများနှင့်တွေ့ဆုံ

 

တွေ့ဆုံပွဲတွင်​ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထွ​န်း ဦးသက်လင်း နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင်များ ဒေသခံပါတီဝင် စုစုပေါင်းအင်အား (၁၅၀) ဦးတက်ရောက်ကြပါသည်။


SSPP နုတ်ထွက်ပါက အားလျော့သွားမည်ဖြစ်သော်လည်း NCA အတိုင်း ရပ်တည်မည်ဟု UNFC ပြော

 August 28, 2017

 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) နုတ်ထွက်သွားပါက အားလျော့မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ဆက်လက်ရပ်တည်မည်ဟု UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ SSPP အနေဖြင့် UNFC မှ နုတ်ထွက်ကြောင်း သတင်းစကားများ ကြားမိချိန်တွင် အံ့ဩမိသည်ဟု ၎င်းက ဆိုသည်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ကို အန္တရာယ်ရှိ အကြမ်းဖက်အဖွဲ့အဖြစ် ဖေ့စ်ဘွတ်ခ် သတ်မှတ်

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ကို ဖေ့စ်ဘွတ်ခ်က အန္တရာယ်ရှိ အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှာ ထပ်တိုးဖြည့်စွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ပြီးနောက် Facebook စည်းမျဉ်းမှာ ARSA ဟာ အန္တရာယ်ရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းစာရင်းမှာ ထပ်တိုး ဖြည့်စွက်ချက်တွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ ပြောကြားလိုက်တာပါ။

မောင်တောအခြေစိုက် နိုင်ငံတကာ အိုင်အန်ဂျီအို ၀န်ထမ်းများတိမ်းရှောင်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရုံးစိုက်တဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ အိုင်အန်ဂျီအိုတွေက တာဝန်ရှိသူတွေဟာ ဘူသီးတောင်မြို့ကနေ မနေ့ နေ့လယ် ၃ နာရီလောက်မှာ စစ်တွေမြို့ကို တိမ်းရှောင်ထွက်ခွာသွားကြပါတယ်။

UNHCR, WFP, UNICEF, ACF, NRC စတဲ့ အဖွဲ့တွေက ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၀၀ နီးပါးလောက် မော်တော်ဘုတ်တွေနဲ့ ထွက်ခွာသွားတာဖြစ်ပြီး ထွက်သွားရတဲ့ အကြောင်းရင်းကိုတော့ ဖြေဆိုခြင်းမရှိဘူးလို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။

မဲသဝေါဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

 

ကရင်ပြည်နယ် မဲသဝေါဒေသမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့အကြား နှစ်ဘက်တပ်ဖွဲ့တွေ အခုရက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးမှူး ဦးစောဆွေထွန်းက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေမှာ ချောင်းမြောင်းပစ်ခတ်တာ အဖြစ်များတယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဧည့်ခံပွဲကို နေပြည်တော်ရှိပါတီဌာနချုပ် ညီလာခံ       ခန်းမ၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပခဲ့သည်။

မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​​လှုပ်​ရှားမှုအဖြစ်​ ဗဟိုအမျိုးသမီး​ဆေးရုံကြီး(မန္တ​လေး)၌ စု​ပေါင်း​သွေးလှူဒါန်းပွဲပြုလုပ်

 

မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​​လှုပ်​ရှားမှုအဖြစ်​ (၂၅.၈.၂၀၁၇)ရက်​​နေ့  နံနက်​(၀၈း၀၀)နာရီအချိန်​တွင်​ ဗဟိုအမျိုးသမီး​ဆေးရုံကြီး(မန္တ​လေး)၌ စု​ပေါင်း​သွေးလှူဒါန်းပွဲပြုလုပ်​ရာ           တိုင်း​ဒေသကြီးပါတီဥက္ကဌဦးဝင်း​မောင်​၊ အတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုး၊ တိုင်းပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​               အတွင်းရှ(၇)မြို့နယ်​မှ ဥက္ကဌများ၊ အတွင်း​ရေးမှူးများ၊ ​ကော်​မတီဝင်​များ၊ ပါတီအမာခံလူငယ်​များတက်​​ရောက်​လှူဒါန်းခဲ့​ကြကြောင်းသိရှိရပါသည်​။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏ​မောင်​လွင်​ ရမည်းသင်း ခရိုင်းအတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီအဖွဲ့များအား တွေ့ဆုံ

 

ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး နယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​နှင့် မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ဦးဝင်း​မောင်​၊             တိုင်း​ကော်​မတီဝင်​များ လိုက်​ပါလျက်​ (၂၄.၈.၂၀၁၇) ရက်​​နေ့ နံနက်​ပိုင်းတွင်​ ​မိတ္ထီလာခရိုင်​ပါတီရုံးအစည်းအ​ဝေးခန်းမ၌ ​ရမည်းသင်းခရိုင်​ပါတီ​ကော်​မတီအဖွဲ့၊ ​ရမည်းသင်းခရိုင်​ အတွင်းရှိ      မြို့နယ်များမှ ပါတီ​ကော်​မတီအဖွဲ့များအား လည်း​ကောင်း၊ ​နေ့လည်​ပိုင်းတွင်​ မိတ္ထီလာခရိုင်​ပါတီ​ကော်​မတီအဖွဲ့၊ မိတ္ထီလာခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပါတီ​ကော်​မတီအဖွဲ့များအား
လည်းကောင်း​ တွေ့ဆုံခဲ့ပြီး လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများအား​ ဆွေး​နွေးခဲ့​ကြောင်း သိရှိရပါသည်​။

ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်

နေပြည်တော် ၊ သြဂုတ် – ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာရှိ ရဲစခန်းတစ်ခုအား ယနေ့နံနက် အစောပိုင်း ၁ နာရီတွင် ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ်များ ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားကိုင်ဆောင်ထားသော အင်အားများဖြင့် တိုက်ခိုက်ခြင်းနှင့် တံတားများမိုင်းဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိသည်။