

Union daily
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၃ နာရီတွင် တန့်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ကျင်းပသော ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်အတွင်းရှိ ရပ်/ ကျေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။အဆိုပါတွေ့ဆုံပွဲသို့ ပါတီ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၈၉ ဦး တက်ရောက်ကြသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အောက်တိုဘာတွင် အပိုင်းလိုက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း စတင်မည်ဖြစ်ပြီး စီမံကိန်းလုပ်ဆောင်နေသည့် လမ်းပိုင်း၌ သံလမ်းတစ်ဖက်တည်းကို သာ ခုတ်မောင်းပြေးဆွဲမည်ဟု မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။
မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ အပိုင်းနှစ်ပိုင်း အဆင့်မြှင့်တင်မည်ဖြစ်ပြီး အရှေ့ခြမ်းကို ယခုနှစ် အောက်တိုဘာမှ ၂၀၁၈ မေလ အထိလည်းကောင်း၊ အနောက်ခြမ်းကို ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ မေလအထိလည်းကောင်း စီမံကိန်းကာလ သတ်မှတ်လုပ် ဆောင်မည်ဟု တာဝန်ရှိ သူကဆိုသည်။‘‘စီမံကိန်းနဲ့ပတ်သက်လို့ အစည်းအဝေးဆုံးဖြတ်ချက်လည်း ထွက်ပါပြီ။ အများပြည်သူသိ အောင်လည်း ဒီတစ်ပတ်ထဲမှာ ပဲသတင်းထုတ်ပြန်ပါမယ်’’ဟု ၎င်းက ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အနေဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းသည် တပ်တည်ရာ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကြောင့် စုဖွဲ့မှုဆိုင်ရာ နည်းဗျူဟာပြောင်းခြင်း ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က သြဂုတ် ၂၁ ရက် တွင် ပြောကြားသည်။
ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံ သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦး အတွက် နောက်ဆုံးအယူခံကို ဒီနေ့ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး တရားရုံး မှာတင်ခဲ့ပြီး တရားရုံးက အယူခံကို လက်ခံလိုက်ပါတယ်။ ဒီနေ့အယူခံလျှောက်လွှာတင်ပြီးနောက် တရားရုံးဘက်က ၆ လကနေ တစ်နှစ်အတွင်း ဆုံးဖြတ်ချက် ချသွားမယ့် အနေအထားရှိတယ်လို့ မြန်မာသံရုံး အထူး ကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုတို့သည် သာသနာ့နယ်များမှ ကက်သလစ်ဆရာတော် ငါးပါးတို့ နှင့်အတူ သြဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ကျိုက်ထို၊ သြဂုတ် ၂၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဘီးလင်းပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ သြဂုတ် ၂၀ ရက်နေ့ နေ့လည် ၁၂နာရီတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာခင်မောင်သွင်မှ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပြည်နယ်ပါတီ၏ ဆောင်ရွက်ချက်များ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်ချက်များအား ချပြ ဆွေးနွေးပါသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ထုနှင့်အမျိုးသမီးထု တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံး၌ကျင်းပရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တိုင်းဒေသကြီးခရိုင်၊ မြို့နယ်လူငယ်နှင့် အမျိုးသမီးရေးရာတာဝန်ခံများ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင်များ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပသော ပျော်ဘွယ်မြို့ မြင်းဘက် ရပ်ကွက်မြို့ ကန်ဦးပရိယတ္တိ စာသင်တိုက်ကြီး၏ အစိုးရနှင့်ကျောင်းတိုက် စာမေးပွဲအောင် သံဃာတော် ၃၅ ပါးတို့ အား ဆုနှင်းသဘင်သို့တက်ရောက်ကြည်ညိုပြီး ကျောင်းတိုက်ပဓာန နာယကဆရာတော် ဒွိပိဋကဓရ၊သစအဓမ္မာစရိယ၊ သာမဏေ ကျော် ဘဒ္ဒန္တနေမိဒ္ဓါလင်္ကာရဘိဝံသအား ဖူးမြော်၍ သာသနာရေးဆိုင်ရာ များကို လျှောက်ထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့ နံနက် ၁၁နာရီတွင် ရေဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမတွင် ကျင်းပသော ပါတီကော်မတီဝင်များ၊ရေဦးမြို့နယ်အတွင်းရှိ ရပ်ကျေးပါတီ ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ ရေဦးမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၁၅ ဦး တက်ရောက်ကြသည်။