မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးအား ခရိုင်ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၆ရက် နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးအား ခရိုင်ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၆ရက် နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် နိုင်ငံရေးပါတီများ စုပေါင်း တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ယနေ့ ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ အခြေအနေများအား ယင်းအခြေအနေများထက် ပိုမိုဆိုးရွားသော အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံရမှုများအပေါ် ပါတီများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့သည်။
၂၇. ၈.၂၀၁၇ ရက်နေ့ နေ့လည် (၂း ၀၀) နာရီအချိန်တွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း ၊ တိုင်းပါတီကော်မတီဝင် ၊ မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း ၊ ခရိုင်ပါတီ ဥက္ကဌနှင့် ပါတီကော်မတီဝင်များ ၊ မြို့နယ်ပါတီ ဥက္ကဌနှင့် ပါတီကော်မတီ ဝင်များသည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ ပါတီဝင်များ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူး(စကု)မြို့ နယ် လစ်လပ်ပါတီကော်မတီ ဝင် ဖွဲ့စည်းရေးတွင် မကွေးတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဘဏ္ဏာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး နှင် ခရိုင်ပါတီဥက္ကဌ ဒေါ်သီမာလိုင်နှင့် ခရိုင်ကော်မတီ၊ အရံခရိုင်ကော်မ တီများ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီ၊ အရံပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များ၊ ရပ်မိရပ်ဖကိုယ်စားလှယ်များ တတ်ရောက်ကြပြီး မြို့နယ်ပါတီကော်မတီ ဦးခင်မောင်မြင့် (သီးကုန်း)၊ ဦးဝင်း(ဖြူကုန်း)၊ ဦးသောင်းဟန် (ကံကုလား)တို့အား မြို့နယ်ကော်မတီဝင်အဖြစ် အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်းအဝေးကို ၂၅.၈.၂၀၁၇ ရက်နေ့ ၁၀း၀၀နာရီ အချိန်တွင် ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် အတွင်းရေးမှူး၊ ပြည်နယ်စည်းရုံးရေးတာဝန်ခံ၊ တောင်ကြီးခရိုင်ဥက္ကဌနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ခရိုင်တွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ မြို့နယ်စည်းရုံးရေး တာဝန်ခံများ တက်ရောက်ကြပြီး အစည်းအဝေးကို ညနေ ၃း၃၀နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ Youth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားကို ယခုလ ၂၄ ရက် နံနက် ၈နာရီက ကျောက်ဆည်ခုတင် ၂ဝဝ အထွေ ထွေရောဂါကုဆေးရုံကြီး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ဝ၁၇ မြို့နယ်ပါတီကော်မတီ ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်ခိုင်ဖြိုး ပါတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ တွင် သြဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲ၌ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး နယ်မြေတာဝန်ခံ ဦးသန်းဌေးက ရေကြီးရေလျှံဖြစ်ပေါ်နေသော အုန်နှဲချောင်းကျွန်းဘုန်းတော် ကြီးငါးပါးအတွက် အသက်ကယ်ရေးပေါ်ဝတ်စုံငါးစုံကို နယ်မြေတာဝန်ခံရပ်/ကျေး စည်းရုံးရေးမှူး ;ဦးဆန်နီဝင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဌေး(ညောင်ဦး)
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီတွင် ဥတ္တရသီရိမြို့နယ် ကြားဖြတ်ရွေး ချယ်ဖွဲ့စည်းရေးမျက်နှာစုံညီအစည်း အဝေးကိုကျင်းပရာ ပြည်ထောင်စုနယ်မြေပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယကများ ဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်း ရေးမှူးဦးဌေးဝင်းနှင့်ကော်မတီဝင်များ ၊နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ဥတ္တရသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ဒု/စည်းမှူးများ၊ဖိတ် ကြားထားသောဧည့်သည်တော်များ စုစုပေါင်း အင်အား ၁ဝဝ ခန့်တက်ရောက် ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လစ်လပ်နေသောပါတီကော်မတီ ဝင်သုံးဦးအတွက်အစား ထိုးရန် ကြားဖြတ်ရွေးချယ်ပွဲကို ယနေ့နံနက် ၁ဝနာရီတွင် ကျောက်တံတား မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံး ၌ကျင်းပရာ ရွေးချယ်ပွဲသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်ကြားဖြတ်ရွေးချယ်ပွဲကော်မရှင်အဖွဲ့ဝင် များ၊မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်ခေါင်းဆောင်များ၊အရွေးချယ်ခံ အသက်(၃၅နှစ်)အောက်ဘွဲ့ရ မြို့နယ်ကော်မတီဝင်လောင်းသုံးဦး တက်ရောက်ကြသည်။