ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြေင်း အရေးကြီးအဆို တင်သွင်းခြင်းကို သြဂုတ်၂၉ရက်က ပြည်သူ့လွှတ်တော် တွင် ပယ်ချခံရကြောင်း အဆိုတင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းက ပြောသည်။ သြဂုတ် ၂၈ ရက်က ပြည်သူ့လွှတ်တော်ရုံးသို့ အရေးကြီးအဆို တင်သွင်းခဲ့ပြီး ၂၉ ရက်တွင် အဆိုကို လက်မခံကြောင်း ၎င်းထံ အကြောင်းကြားခဲ့သည်ဟု ဦးလှဌေးဝင်းက ပြောသည်။ ‘‘အကြမ်းဖက်အဖွဲ့အစည်းလို့ ထုတ်ပြန်ထားပြီး ဖြစ်သည့်အတွက်တို့ တင်ပြတဲ့ ရှုတ်ချတယ်ဆိုတဲ့အဆိုက မလိုဘူးပေါ့’’ဟု လွှတ်တော်ရုံးက လက်မခံရသည့်အကြောင်း ရင်းကို ၎င်းကပြောသည်။
ဘင်္ဂါလီအကြမ်းဖက်သမားများကို ပူးပေါင်းနှိမ်နင်းရန် မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးတွင် လှုပ်ရှားနေသည့် ဘင်္ဂါလီအကြမ်းဖက် သမားများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းရန် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရထံ ကမ်းလှမ်းလိုက်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒါကာမြို့ရှိ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးအောင်မြင့်ထံသို့ တောင်းဆိုကမ်းလှမ်းချက်များကို သြဂုတ် ၂၈ ရက်တွင် ပေးပို့ခဲ့ကြောင်း AFP သတင်း ဌာနက ဖော်ပြထားသည်။
တံတားဦးမြို့နယ် ပါတီကော်မတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်း အဝေး ကျင်းပ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပါတီကော်မတီ ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးအစည်း အဝေးကို ယနေ့နေ့လည် (၀၂း၃၀) နာရီတွင် တံတားဦးမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင် နှင့် တိုင်းကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင် ပါတီဥက္ကဌနှင့် ခရိုင်ကော်မတီ ဝင်များ၊ တံတားဦးမြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးများမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဘေးရှောင် ပြည်သူများအတွက် အလှူငွေများ လှူဒါန်း
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဘေးရှောင် ပြည်သူများ အတွက် ပြည်မြို့ရှိ ရခိုင်မိသားစုလူမှု ကူညီရေးအဖွဲ့သို့ အလှူငွေ
( 100000/- ) ကျပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
source: U Myo Aung
ပဲခူးပြည်ခိုင်ဖြိုးပါတီဝင်၂ဝဝ ကျော် ဒေးစွန်ပါဘုရားတောင်နံရံ ပြန်လညf ပြုပြင်မှု လုပ်အား ဒါနပေးလှူ
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယကများဖြစ်သော ဦးဝင်းတင်၊ ဦးကျင်သိန်းနှင့် ဥက္ကဋ္ဌဦး စောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊ မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူး မြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးရှိ ဒေးစွန်ပါ ဘုရားတောင်နံရံပြို ကျမှု ပြန်လည်ပြုပြင်ခြင်းတွင် လုပ်အားဒါန သွားရောက်ပေး လှူကြသည့်အပြင် အလှူငွေကျပ် လေးသိန်းကိုလည်း လှူဒါန်းခဲ့ကြသည်။
ဒဂုံမြို့သစ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ရပ် /ကျေး ပါတီဝင်များ စွမ်းရည်ပြည့်ဝ စေရန် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၈ ရက် နံနက် ၁ဝ နာရီတွင် မြို့နယ်ရုံးခန်းမဆောင်တွင် ကျင်းပရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဒေါ်စန်းစန်းဝင်း အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။
ဇော်မင်းထွန်း(ဒဂုံတောင်)
ရန်ကုန်အရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ပွဲ မျက်နှာစုံညီ အစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ယမန်နေ့ နံနက် ၁ဝနာရီတွင် လစ်လပ်သွားသောမြို့နယ်ပါတီကော်မတီဝင်သုံးဦး၏နေရာတွင် ခြောက်ဦးအား အဆိုပြု/ထောက် ခံရွေးချယ်မှုပြုလုပ်ခဲ့သည်။
သာကေတပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးဘဝမြှင့်တင်ရေးညှိနှိုင်းဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ နှင့် အမျိုးသမီးအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၇ရက် မွန်းလွဲ ၂နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွှန့်ဖေက အမျိုး သမီးဘဝမြှင့် တင်ရေးအသိပညာများ၊ နိုင်ငံရေး ပါတီ(၂ဝ)၏သဘောထားကြေညာချက်များ၊ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ဟော ပြောခဲ့ပြီး တက်ရောက်လာသည့် အမျိုးသမီးထုမှ သိရှိလိုသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
လယ်ဝေးပြည်ခိုင်ဖြိုးပါတီမှ ပြန်လည်ပြင်ဆင်ရွေးချယ်ပွဲပြုလုပ်
ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲစည်းရေး မျက်နှာစုံညီအစည်းအဝေးကို သြဂုတ်လ ၂၆ ရက် နံနက် ၉နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟိန်းအောင်(နေပြည်တော်)
နယ်မြေတာဝန်ခံနှင့် ပြည်နယ်ပါတီကော်မတီဝင်များတွေ့ဆုံ
ကယားပြည်နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁နာရီမှ ၃နာရီ ၁၅မိနစ် အထိ နယ်မြေတာဝန်ခံနှင့်ပြည်နယ်ပါတီကော်မတီဝင် များတွေ့ဆုံပွဲ ကျင်းပသည်။
ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ကယားပြည်နယ် (နယ်မြေတာဝန်ခံ)ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်ပြီး ကယားပြည် နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်းက လမ်းညွှန်အမှာစကားပြောကြားသည်။



