ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်တွင် ရခိုင်အရေး ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြည်ထောင်စုနယ်မြေမှ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် စက်တင်ဘာ လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ပုံ fb

ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပပြုလု

 

ကန်ကြီးထောင့်မြို့နယ် ထိန်တောကြီးအုပ်စု မိကျောင်းသိုက်ကျေးရွာတွင်လူငယ်တွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာအုပ်စုတွင်း လူငယ်(150)နှင့်မြောင်းမြလူငယ်(25)ပါဝင်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်ဦးဝင်းထွန်းကဦးဆောင်ကာပါတီဝင်လူငယ်များ တက်ကြွစွာ ပါဝင်ဆင်နွဲ့ခဲ့ကြကြောင်း သိရသည်။

USDP Ayeyarwady Region News


တနင်္သာရီတိုင်းရှိ ကျောက်မီးသွေးသတ္တုစီမံကိန်းကို ထိုင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ပူးပေါင်း စစ်ဆေးမည်

ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တိုင်ကြားခံရသည့် တနင်္သာရီတိုင်း ဘန်းချောင်းဒေသ ကျောက်မီးသွေးသတ္တုတွင်းစီမံ ကိန်းကို ထိုင်းနှင့် မြန်မာ လူ့အခွင့် အရေးကော်မရှင်နှစ်ရပ် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သည်။

ထိုင်းကုမ္ပဏီသုံးခုမှ အဓိကလုပ်ဆောင်နေသည့် ဘန်းချောင်း ဒေသကျောက်မီးသွေး သတ္တုတူးဖော်ရေး လုပ်ငန်း များကြောင့် ဒေသခံများ ကြုံတွေ့နေရသည့် ထိ ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဌာနေတိုင်းရင်း သားများက ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ ၂၀၁၇ ဇွန်လ ၂၀ ရက်တွင် တိုင် ကြားခဲ့ရာ စက်တင်ဘာ ၁၁ရက် ၌ ကနဦးကြားနာစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ရှုတ်ချ

ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေးချိုး ဖောက်သူများအနေဖြင့် အပြစ်ပေးခံရမည် ဟု ပြောကြားခဲ့သည်။ သို့သော် ဘင်္ဂါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်နေသည်ဆိုသော   ကုလသမဂ္ဂ၏ စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဒေါ် အောင်ဆန်းစုကြည်က မိန့်ခွန် တွင် ထည့်သွင်းပြောကြားခြင်းမရှိ ပေ။

ဥပဒေနှင့်အညီ နေထိုင်သည့် မွတ်စလင်ကျေးရွာများကို စောင့်ရှောက်ထားကြောင်း ကာကွယ်ရေးဝန်ကြီးပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ဥပဒေနှင့်အညီနေထိုင်သည့် မွတ်စလင် ကျေးရွာများစွာ ကျန်ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

မွန်တိုင်းရင်းသားဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် အချက်အလက်နှင့် နည်းပညာ ကူညီရန် အထောက်အကူပြု ရုံးခန်းဖွင့်မည်

မွန်လူမျိုး၊ မွန်ပြည်နယ်အရေးနှင့်သက်ဆိုင်သည့် မူဝါဒမူကြမ်းများရေးဆွဲရာတွင် လိုအပ်သောအချက်အလက်နှင့် နည်းပညာများကူညီနိုင်ရန် ရည်ရွယ်၍ အထောက်အကူပြုရုံးခန်းဖွင့်လှစ် တည်ထောင်မည်ဖြစ်ကြောင်း မွန် အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးမင်းဇေယျာဦးက ပြောသည်။

ဗြိတိသျှသံရုံးမှ နိုင်ငံရေးအရာရှိ ရှမ်း/မြောက် ပြည်ခိုင်ဖြိုးပါတီနှင့် လာရောက်တွေ့ဆုံ

 

ဗြိတိသျှသံရုံးအရာရှိ Miss Lol Ram Muani သည် ရှမ်း/မြောက်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်နယ်ရုံး ဧည့်ခန်း၌ (၂၀-၉-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၀၀)နာရီထိ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းပါသည်။

ထိုသို့ တွေ့ဆုံမေးမြန်းရာ၌ –

– ၂၀၁၅ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံး အောင်နိုင်ခဲ့မှုအတွက် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သနည်း။

မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီခေါင်းဆောင်များ ဆွေးနွေးပွဲပြုလုပ်

 

မြိုင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဥက္ကဌ ဦး​အောင်​နိုင်​၊အတွင်း​ရေးမှူး ဦးထိန်​လင်းနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များသည်​ ၂၀၁၇ခုနှစ်​စက်​တင်​ဘာလ (၁၉ )ရက်​​နေတွင်​ ပါတီစည်းရုံး​ရေးနယ်​​မြေ (၃) စုရပ်​ဇုံ (၅)​တောင်​တိုင်​​ကျေးရပ်​​ကျေးစည်းမှူး ဦးဖိုးထွန်း​နေအိမ်​တွင် ​​ရပ်​​ကျေးပါတီ​ခေါင်း​ဆောင်​များနှင့်တွေ့ဆုံ၍ (၂၀၂၀ )​အောင်​နိုင်​​ရေး​​ဆွေး​နွေးအ​ဖြေရှာခြင်း ၊ ​ကော်​မတီများကျစ်​လစ်​ ခိုင်​မာ​စေ​ရေး​ဆွေး​နွေးခြင်းအား​နေ့လည်​ ၂နာရီမှ ၄နာရီအထိဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့် စေတီတော် လုပ်အားပေးပြုလုပ်

 

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီတော် ဆုတောင်းပြည့်ဘုရားဝန်းတွင် အမှိုက်များ၊ မြက်များကို စက်တင်ဘာ၁၉ နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုး ၊ ဒေါ်အေး၊ နောင်ကိုင်တော်ရပ်ကွက် စည်းရုံးရေးမှူး ဦးသာအောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီရေးရာအဖွဲ့များ၊ ဒေါ်ခင်ပို၊ ဒေါ်လတ်တို့ ဦးစီးပြီး နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီ ဆုတောင်းပြည့်ဘုရား ပန်းအိုးထိုးခြင်း၊ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းခြင်း ၊ မြက်များကို စက်များဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ အလှူ လုပ်အားဒါနပြုလုပ်

 

ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ မြဉ္ဇူလေးဆူရှင်းမြတ်စွာဘုရား ဗြဟ္မဝိဟာရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး သက်တော်၈၈နှင့် သိက္ခာတော်(၆၆)ဝါ၏ အန္တိမဈာပနသို့ ပြင်ဦးလွင်မြို့ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ်(၁)သိန်းလှူဒါန်းပြီး ဆီထမင်းနှင့်​အကြော်အလှူဒါနပြု သန့်ရှင်းရေးလုပ်​အားဒါနပြုလုပ်ပြီးကုသိုလ်ယူခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး