ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးတိုက်နယ် ကျေးရွာအုပ်စု အမှတ်(၁)ရှေ့တန်း ရုံးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂) ကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးတိုက်နယ် ကျေးရွာအုပ်စု အမှတ်(၁)ရှေ့တန်း ရုံးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂) ကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် စည်းရုံးရေးနယ်မြေအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အဖွဲ့ ခေါင်းဆောင်များ၊ အမာခံပါတီဝင် များအတွက် ယခုလ ၂၆ရက်မှ ယမန်နေ့အထိသုံးရက်တာ ဖွင့်လှစ် ခဲ့သည့်နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂)သင်တန်း ဆင်းပွဲကိုယမန်နေ့ညနေ၄နာရီခွဲက မြို့နယ်ပါတီရုံးသင်တန်းခန်းမဆောင် ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၏ ကျက်သရေဆောင်(၁ဝ၈)တောင်မဟာဗောဓိ စွယ်တော်ရှင်စေတီတော်မြတ်ကြီး (၅၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရန်အတွက် သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပရဟိတအဖွဲ့အင်အား ၅ဝတို့သည် ယမန်နေ့ နံနက် ၆ နာရီခွဲက ဘုရားပရိဝုဏ်နှင့်ရင်ပြင်တော်များတွင် သန့်ရှင်းရေးလုပ်အား ကုသိုလ်ပြု ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
TKA(သာကေတ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို မိုင်းဆတ်မြို့နယ် မြို့နယ်ပါတီဥက္ကဌ ဦးဒါဝိဒ်နှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေး ခေါင်းဆောင်းများဖြင့်(၂၉.၁.၂၀၁၈)ရက်နေ့တွင် မိုင်းဆတ်ပါတီရုံးအစည်းအဝေးခန်းမတွင်တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာပါတီခေါင်းဆောင်သစ်များဖြင့် ပြန်လည်ဖွဲ့စည်းခန့်အပ်တာဝန်ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် လူငယ်တွေ့ဆုံပွဲကို စေတုတ္တရာ မြို့နယ်ခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့ရာ ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးပိုက်ထွေး မှအမှာစကားပြောကြားခဲ့ပါသည် ။ အခမ်းအနားကို မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းကော်မတီဝင်များ မင်းဘူးခရိုင်ကော်မတီဝင်များ မင်းဘူးမြို့နယ် ကော်မတီဝင်များ စလင်းမြို့နယ်ကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ ငဖဲမြို့နယ်ကော်မတီဝင်များ စေတုတ္တရာမြို့နယ်ကော်မတီဝင်များ လူငယ်ကေဒါများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ခရိုင်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအခန်းအနားကိုဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊တိုင်းပါတီဥက္ကဌဦးစောမော်ထွန်း၊ဒုတိယဥက္ကဌ ဦးအောင်ချိုဦးနှင့် တိုင်းကော်မတီဝင်များ ပြည်ခရိုင်ကော်မတီဝင်များ(၆)မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များစုံညီစွာတက်ရောက်ကြသည်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်း၊ အတွင်းရေးမှူး ဦးစိုးသီဟနှင့် မြို့နယ်ကော်မတီဝင်များသည် အထက်သိုင်းနယ် သစ်ပုတ်ပင်ကျေးရွာအုပ်စုအတွင်း ရှိ ကျောက်တလုံးရွာ၊ ဘန့်ဘွေးပင်ရွာများသို့ ယခုလ ၂၅ ရက်မှ ယနေ့အထိ နယ်မြေကွင်းဆင်း၍ ရွာလုံးကျွတ်နီးပါး ပါတီဝင်ကြ မည့်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စုပေါင်းအဆိုပြုလွှာပေး အပ်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် စုပေါင်းညှိနှိုင်းဆွေး နွေးခဲ့ကြသည်။
သိန်းမြင့်ထွန်း(ရေတာရှည်)
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်ကော်မတီရုံးတွင် ယနေ့ နံနက် ၁ဝ နာရီက ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးက ပါတီဝင် အင်အားတိုးတက်ရေး၊ ပါတီစည်း ကမ်းလိုက်နာရေးနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ကျုံပျော်မြို့နယ် ရေစခန်း တိုက်နယ် ဘောဇုတ်ကျေးရွာအုပ်စု ကြာမန်းကျေးရွာနှင့် ဆင်ကောင်း ကျေးရွာအုပ်စု ကြာမန်းရွာများ၏ ဒေသခံပြည်သူများမှ ပြည်ခိုင်ဖြိုး ပါတီဝင်ခွင့် အဆိုပြုလွှာများကို ယနေ့နံနက် ၉ နာရီက စုပေါင်း ပေးအပ်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ ဖြိုးစေတနာအခမဲ့ဆေးကုသရေး အဖွဲ့နှင့် ယမန်နေ့ နံနက်မှ ညနေ အထိ တွံတေးမြို့နယ် ခလုတ်ကျေး ရွာအုပ်စု ခရက္ခရာကျေးရွာသို့ သွားရောက်၍ ကျန်းမာရေးဆေး ကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရ သည်။