ဇီးကုန်းတွင် မာရသွန်ပြိုင်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီတာ ၁ဝဝဝဝမာရသွန် ပြိုင်ပွဲကျင်းပခဲ့သည်။
သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မေတ္တာရှင်အခမဲ့ဆေးကုသခန်း ၁ဝနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်
သရက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်ထားသော မေတ္တာရှင် အခမဲ့ဆေးကုသခန်း ၁ဝနှစ်ပြည့်အထိမ်းအမှတ်ကို ယနေ့မွန်းလွဲ ၁နာရီက အဆိုပါဆေးခန်း၌ ကျင်းပ သည်။
၂ဝဝ၈ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်း တည်ထောင်ဖွင့်လှစ်ခဲ့သော သရက်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ မေတ္တာရှင်အခမဲ့ဆေးကုသခန်း (ပြင်ပ လူနာ) ၁ဝနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီကော်မတီဝင်များက ၁ဝနှစ် တိုင်တိုင်စေတနာဖြင့် တာဝန်ယူကုသပေးနေသော ဆရာဝန်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ပြီး ဆေးကုသခံလူနာများအား အာဟာရမုန့်များ လက်ဆောင်ဝေငှပေးခဲ့သည်။
ဒဂုံမြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ
ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒဂုံမြောက်ပိုင်း မြို့နယ် လုံးဆိုင်ရာ သံဃာအပါး (၈၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး၌ ဆွမ်းဆန်တော်(၂၅)အိတ် ကာလတန်ဖိုးငွေ ကျပ်(၇၈၆၅၀၀)ခုနစ်သိန်းရှစ်သောင်းခြောက်ထောင့်ငါးရာကျပ်အား ကုသိုလ်ယူလှူဒါန်းခဲ့ပါသည်။
ဒဂုံမြောက် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ယခုနှစ်ဆိုလျှင် သုံးနှစ်ဆက်တိုက် ပါဝင်ကုသိုလ်ယူလှူဒါန်းကြောင်း သိရှိရပါသည်။
စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဥက္ကဌများတာဝန်ပေးအပ်ပွဲနှင့်ပါတီဝင်အဆိုပြုလွှာများစုပေါင်းပေးအပ်ပွဲကျင်းပ
(၁၀.၂.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်/ကျေးပါတီဥက္ကဌများတာဝန်ပေးအပ်ပွဲနှင့်ပါတီဝင်အဆိုပြုလွှာများစုပေါင်းပေးအပ်ပွဲကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်တိုင်းပါတီကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ခရိုင်ကော်မတီဝင်များ၊ စဥ့်ကိုင်မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌတာဝန်ပေးခြင်းအပ်ခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်မည့်ပါတီဝင်အသစ်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအားနိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်ရပ်/ကျေးပါတီဥက္ကဌများအား တာဝန်ပေးအပ်လွှာများပေးအပ်ခြင်း၊ ပါတီဝင်ကြေးများပေးအပ်ခြင်း၊ ပါတီဝင်တစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်း၊ ပါတီဝင်အသစ်များအားရင်ထိုးများတပ်ဆင်ပေးခြင်းတို့အပြီးတွင် တက်ရောက်လာကြသောပါတီဝင်အသစ်များအား တိုင်းပါတီဥက္ကဌနှင့်အဖွဲ့မှရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးကျင်းပ
မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ချောက် နှင့်အချို့ မြို့နယ်များတွင် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှစ်စဉ်ကျင်းပမြဲ အစဉ်အလာအတိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
ဘေားလုံး၊ဘောလီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်းဖြစ်သည်။ အားကစားသမားလူငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခ့ကြပြီး၊ အားကစားဝါသနာရှင်ပြည်သူများ လာရောက်အားပေးကြည့်ရှုခ့ကြသည်။
ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွာသစ်မြို့ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၈) ဆင်းပွဲ အခမ်းအနား
ယနေ့ ၁၂-၂-၂၀၁၈ရက်နေ့ ညနေ (၃း၀၀)နာရီအချိန်တွင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွာသစ်မြို့ နိုင်ငံရေးစီမံခန့် ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၈) ဆင်းပွဲ အခမ်းအနားအား ရွာသစ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဝင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့်အဖွဲ့သည် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော် မတီဝင်များအားတွေ့ဆုံကာဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ် ပြည်ခိုင်ဖြိုးလူငယ်များ စုပေါင်းသန့်ရှင်းရေးလုပ်အားပေး
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံတောင်မြို့နယ် ကျန်စစ်သားလမ်းမပေါ်ရှိ ရတနာမြင့် ဘုန်းကြီးကျောင်းတွင်းကျောင်းပြင်ရှိ အမှိုက်များချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ ခရိုင်ကော်မတီဝင်ဦးဝဏ္ဏမျိုး၊ ခရိုင် နယ်မြေတာဝန်ခံ ဦးမျိုးဝင်းကျော်နှင့် ဒဂုံအရှေ့ပါတီဥက္ကဋ္ဌ၊ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ် လူငယ် တာဝန်ခံများ စုစုပေါင်းအင်အား ၉ဝ ကျော် စုပေါင်း၍ ကျောင်းတွင်းကျောင်းပြင် ရှင်းလင်း ဆောင်ရွက် ကုသိုလ်ယူလုပ်အားပေးခဲ့ကြကြောင်း သိရသည်။
သီပေါတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ