တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲ ကျင်းပပြုလုပ်

 

၂၂.၂.၂၀၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဌတာဝန် ပေးအပ်ပွဲ ကိုတန့်ဆည်မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပါတီဥက္ကဌဒေါက်တာမြင့်သိန်း|တိုင်းပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း |ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး |ခရိုင်ပါတီကော်မတီဝင် ဦးချစ်သန်း|တန့်ဆည်မြို့နယ် ပါတီဥက္ကဌ ဒေါ်က်တာကျော်ကျော်ဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ| ရပ်/ကျေးပါတီ ဥက္ကဌများ စုစုပေါင်း အင်အား(၇၀)တို့တက်ရောက်ခဲ့ကြပါသည်။

သာကေတပြည်ခိုင်ဖြိုး ရပ်ကွက်ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၃နာရီက ရပ်ကွက်ပါတီကော်မတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေနှင့် ကော်မတီ ဝင်များနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေး

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၂

ယနေ့ ၂၂-၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၃၀)နာရီမှ နေ့လည်(၁၂း၁၅)နာရီ အချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ ကျန်းမာရေးကုသမှုခံယူနေသော ချိကယ်ဆရာတော်အား သွားရောက်ဖူးမြော်လှူဒါန်းခြင်း

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၁

၂၁-၂-၂၀၁၈ ရက်နေ့ နေ့လည်(၂း၀၀)နာရီ အချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ သည် လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဆေးဝါးကုသ ခံယူနေသော ချိကယ်ဆရာတော် ဦးကလျာဏအား သွားရောက်ကြည့်ရှု ကာ ဆေးဝါးကုသခံယူရန်အတွက် အလှူငွေ (၆၅၀၀၀ိ/-)ကျပ် ပေးအပ်လှူဒါန်းခဲ့ ပါသည်။

မြောက်ဥက္ကလာပြည်ခိုင်ဖြိုး မြို့နယ်ပါတီကော်မတီများ နယ်မြေကွင်းဆင်း

 

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်မြင့် လမ်းညွန်မူ့ဖြင့် မြို့နယ်ပါတီကော်မတီများမှ နယ်မြေတာဝန်ခံအလိုက် ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းအား ယနေ့ မနက် (၉)နာရီတွင်မြို့နယ်ပါတီကော်မတီဝင် ဦးမျိုးဝင်း၊ ဦးအောင်ဝင်း၊ ဦးကျော်မင်း ၊ နယ်မြေခွဲတာဝန်ခံ ဦးအေးမင်းဇော်၊ စည်းရုံးတာဝန်ခံ ဦးသန်းဦးတို့မှ ပါတီဝင်အင်အားတိုး ရရှိရေးအတွက် ပါတီတွင်းကျစ်လစ်ခိုင်မာရေးပါတီဝင် နှစ်စဉ်ကြေးကောက်ခံရေးတို့အတွက်(စ)ရပ်ကွက်ပါတီကော်မတီများနင့် တွေ့ဆုံ၍ မနက်(၁၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

မိတ္ထီလာပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမူ (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

 

(၂၂.၂.၂၀၁၈)ရက်နေ့ မိတ္ထီလာခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းပါတီ အတွင်းရေးမှူး အဘဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်နှင့် ခရိုင်အတွင်းရှိ (၄)မြို့နယ်နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ၊မြို့နယ်ကော်မတီဝင်များ တက်ရောက် အားပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်း၍ သွေးလှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင် ဦးဆောင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်မှ ဝန်ထမ်းများနှင့်အတူ နေပြည်တော် ကုတင် ၁၀၀၀
ဆေးရုံကြီးတွင်အရေးပေါ်သွေးလိုအပ်နေသော လူနာများအား စုပေါင်း၍ သွေးလှူဒါန်းခဲ့သည်။


မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးနှင့် ခရိုင်စည်းရုံးရေးကော်မတီအစည်းအဝေးကျင်းပ

 

၂၂.၂.၂၀၁၈ ရက်နေ့ မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးနှင့် ခရိုင်စည်းရုံးရေးကော်မတီအစည်းအဝေးကို မင်းဘူးခရိုင်ရုံးခန်းတွင် ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မင်းဘူး/ပွင့်ဖြူ ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ခရိုင်စည်းရုံးရေးကော်မတီဝင်များ တတ်ရောက်ကြပါသည်။

Crd;


တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်လုပ်ငန်းအစည်းအဝေးပြုလုပ်

 

(၂၁.၂.၂၀၁၈)ရက်နေ့တွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ ခရိုင်းအတွက်ရေးမှူး ဦးချမ်းမြ၊ ကော်မတီဝင်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိုနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မထောခူကျေးရွာအုပ်စု ပါတီဝင်များနှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မထောခူကျေးရွာအုပ်စု လောလာ လိကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဝမ့်ကွန်နှင့် လောလာလိရွာပါတီဝင်များနှင့် ယနေ့နံနက် ၁ဝ နာရီခွဲတွင် သွားရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီ၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင် ကော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့များက ပြည်ခိုင်ဖြိုး ပါတီရှေ့ဆက်လက်လုပ်ဆောင်ရမည့်ပါတီလုပ်ငန်း စဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီဝင်များသိသင့် သိအပ်သောအကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စရပ်များအား အကျယ်တဝင့်ဆွေး နွေးခဲ့သည်။