ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း

 

ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်အုပ်စု ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှဘုရားတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၈၆)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၅ -၂-၂၀၁၈ ရက်နေ့ နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ် ၊ ဌာနချုပ်မှူး နှင့် ဌာနမှူးများ ၊ ပါတီဝင်များ တက်ရောက်လှူဒါန်းခဲ့ပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များတွင်ကျင်းပပြုလုပ်သည့် ရပ်/ကျေးဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲတက်ရောက်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းသည်  ၂၂-၂-၂၀၁၈ ရက်နေ့နှင့် ၂၃-၂-၂၀၁၈ ရက်နေ့များတွင် ရွှေဘိုခရိုင်အတွင်းရှိ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့်ဝက်လက်မြို့နယ်ပါတီရုံးများ၌ ကျင်းပပြုလုပ်သည့် ရပ်/ကျေး ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲများသို့ တတ်ရောက်၍ အမှာစကားပြောကြားခဲ့ကာ ခန့်အပ်လွှာများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါတာဝန်ပေးအပ်ပွဲများသို့ တိုင်းပါတီဥက္ကဌနှင့်အတူ တိုင်းပါတီကော်မတီဝင် ရွှေဘိုခရိုင်တာဝန်ခံဦးသန်းဝင်းထွန်း၊ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေးနှင့်ခရိုင်ပါတီကော်မတီဝင်များ ၊မြို့နယ်ပါတီ ဥက္ကဌများ၊မြို့နယ်ကော်မတီဝင်များ၊မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ရပ်/ကျေးပါတီ ဥက္ကဌများ
တတ်ရောက်ခဲ့ကြပါသည်။

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါပေါ်ကလဲကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ ဖေဖော်ဝါရီ၂၃

ကျောက်​ဆည်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနား ကျင်းပ

 

(၂၃.၂.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၈း၃၀) အချိန်​တွင်​ ​ကျောက်​ဆည်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှ ဖွင့်​လှစ်​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနားအား ​ကျောက်​ဆည်​ခရိုင်​ပြည်​ခိုင်​ဖြိုးရုံး၌ ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦး​ဝင်း​မောင်​၊ တိုင်း​ကော်​မတီဝင်များဖြစ်​ကြ​သော ဦး​သန်းထွန်း၊ ဦးမျိုးမြင့်​၊ ဦး​ကျော်​စန်း၊ ​ဒေါ်သိင်္ဂီ​အောင်​၊ ​ကျောက်​ဆည်​ခရိုင်​ပါတီဥက္ကဌ ဦး​အောင်​မြင့်​သန်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ ​ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​(၄) မြို့နယ်​မှ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပြီး အခမ်းအနားကို နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​ကာ တိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦး​ဝင်း​မောင်​မှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားခဲ့ပြီး တိုင်း​ကော်​မတီဝင်​ ​ဒေါ်သိင်္ဂီ​အောင်​မှသင်​တန်းစည်းကမ်းများဖတ်​ကြားရှင်းလင်​ခဲ့​ကြောင်းသိရှိရပါသည်​။

‌မန္တ​လေးခရိုင်ြပည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဆင်းပွဲအခမ်းအနား

 

(၂၂.၂.၂၀၁၈) ရက်​​နေ့ ည​နေ (၀၄း၀၀) အချိန်​တွင်​ မန္တ​လေးခရိုင်ြပည်​ခိုင်​ဖြိုးပါတီမှ ဖွင့်​လှစ်​​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဆင်းပွဲအခမ်းအနားအား မန္တ​လေးတိုင်း​ဒေသကြီး ပါတီရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​​ကော်​မတီဝင်​ ဦးမျိုးမြင့်​နှင့်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ မန္တ​လေးခရိုင်​အတွင်းရှိ မြို့နယ်​ (၇) မြို့နယ်​မှ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​မှ သင်​တန်းဆင်းအမှာစကား​ပြောကြားပြီး စာတမ်​များအတွက်​ ပထမ၊ ဒုတိယ၊ တတိယနှင့်​ နှစ်​သိမ့်​ဆုများ​ပေးအပ်​ကာ သင်​တန်းနည်းပြမျာအား ဂုဏ်​ပြုလက်​​ဆောင်​များ ​ပေးအပ်​ခဲ့ပါသည်​။ ထို့​နောက်​ သင်​တန်းဆင်းလက်​မှတ်​များ ​ပေးအပ်​ချီးမြှင့်​ခဲ့ပြီး သင်​တန်းသားတစ်​ဦးမှ​ ကျေးဇူးတင်​စကား​ပြောကြားခဲ့​ကြောင်းသိရှိရပါသည်​။

ကျေးရွာလုံးကျွတ် ပါတီဝင်ကဒ်ပေးအပ်ပြီး ပါတီအမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့များနှင့် ​တွေ့ဆုံခဲ့ခြင်း

 

၂၂-၂-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့၊ ပါတီလူငယ်အဖွဲ့အင်အား (၄၀) ကျော်တို့ သည် မိုင်းကိုးကျေးရွာအုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
နံနက် (၁၀) နာရီတွင် မိုင်းကိုးအုပ်စု၊ ရန်ရှင်း (၄)ေ ကျးစွာသို့ ရောက်ရှိပြီး ပါတီခေါင်းဆောင် ဦးကျအူ၊ ကျေးရွာသူကြီး ဦးအေးဖေနှင့် ပါတီအဖွဲ့ဖြင့် တွေ့ဆုံပြီး ကျေးရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာပေးထားသည့် ပါတီဝင်ကဒ် (၁၅၃) ကဒ်အား ပေးအပ်ပြီး ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ကျေးရွာမှ ပါတီအမျိုးသမီးအဖွဲ့ နှင့် ရပ်ကွက်ပါတီအမျိုးသမီးများ တွေ့ဆုံမိတ်ဆက်ပြီး ပါတီရှေ့လုပ်ငန်းစဉ်များညှိနှိုင်းခြင်းများေ ဆာင်ရွက်ခဲ့ပါသည်။

မန်စီမြို့၌ အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကျင်းပ

 

မန်စီ ဖေဖော်ဝါရီ ၂၂

ရပ်/ကျေးအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရ ရှိ စေရန် အပ်ချုပ်စက်အတတ်ပညာ ဖြင့် အသက်မွေးဝမ်းကျောင်းပြုစေ နိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ပြည် ခိုင်ဖြိုးပါတီက ကြီးမှူးကျင်းပ သော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီ က မန်စီမြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ရာ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော် စွာဝင်းနှင့်ကော်မတီဝင်များ၊ မန်စီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးထွန်းကြိုင်၊ အတွင်းရေးမှူးဦးဂွမ်ဆိုင်နှင့်ကော် မတီဝင်များ၊ သင်တန်းသူများ စုစု ပေါင်း ၄၂ ဦးတက်ရောက်ခဲ့ကြ သည်။

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီက အောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြစ်သားမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊ နယ်မြေတာဝန်ခံ များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးအောင်မိုး နှင့်ကော်မတီများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီအားဂုဏ်ပြုဆုချီးမြှင့်

 

ပြည်ထောင်စုနယ်မြေ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြည် ထောင်စုနယ်မြေအတွင်းရှိ ပြည်ခိုင် ဖြိုး မြို့နယ်ပါတီများတွင် ပါတီဝင် နှစ်စဉ်ကြေးအများဆုံး ကောက်ခံ ရရှိပေးသော ဒက္ခိဏသီရိမြို့နယ် ပါတီအား ဂုဏ်ပြုဆုငွေ ခြောက် သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်ပြည်ခိုင်ဖြိုး ပါတီသည် နေပြည်တော်အတွင်း ရှိ အခြားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီများထက် ပိုမို၍ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံ၍ ပြည်ခိုင် ဖြိုးပါတီဌာနချုပ်သို့ ပေးသွင်းနိုင် သဖြင့် ဦးဝေလွင်က ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။

မိုးကောင်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံစက်ချုပ်သင်တန်းဖွင့်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ် သင်ကြားနေမှုကို ဖေဖော်ဝါရီ ၂၁ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝင်းအောင်