ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်aရးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လူငယ်တွေ့ဆုံပွဲကို ယခုလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မိုးညှင်းပြည်ခိုင်ဖြိုး ဧည့်ရိပ်သာယာယီမဏ္ဍပ်ပြုလုပ်ခဲ့ရာ မိုးညှင်း၊ မိုး ကောင်း၊ ဖားကန့်မြို့နယ်များမှ ပါတီဝင်လူငယ်၂၅၂ဦး တက်ရောက်ခဲ့သည်။

ရေဖြူမြို့နယ်တွင် ပါတီဝင်အသစ်များ ထပ်မံဝင်ရောက်လာ

တနင်္သာရီတိုင်းဒေသကြီး ၊ရေဖြူမြို့နယ်၊ဧကနိကျေးရွာတွင် ရပ်ကျေးပါတီ ဥက္ကဌတာဝန်ပေးအပ်ပွဲနှင့်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ ဖြင့် ဖွင့်လှစ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေမှူး၊တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံဒေါက်တာကျော်ကျော်ဌေး၊တနင်္သာရီတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းအောင် အတွင်းရေးမှူး ဦးနေမျိုး ၊ဗဟိုကော်မတီဝင် ဦးမောင်စိန် နှင့်တိုင်းဒေသကြီးကော်မတီဝင်များ၊ခရိုင်ပါတီကော်မတီဝင်များ၊ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များနှင့် ရပ်ကွက်ကျေးရွာပါတီများနှင့် ရပ်မိရပ်ဖများ၊ပြည်ခိုင်ဖြိုးပါတီ ထောက်ခံအားပေးသော ပြည်သူများအင်အား ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှအဖွင့်အမှာစကားပြောကြားပြီး၊ရပ်ကျေး ပါတီ ဥက္ကဋ္ဌ များအားတာဝန်ပေးအပ်ခဲ့သည်။
ယင်းအခမ်အနားတွင် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒ ၊လုပ်ဆောင်ချက်များကြိုက်နှစ်သည့်အတွက် ဖာချောင်းကျေးရွာအုပ်စု၊ဧကနိကျေရွာအုပ်စု၊ကျောက္ကညှာကျေးရွာအုပ်စု များမှ ပါဝင် အသစ် အင်အား (၇၃)ဦးမှပါတီဝင် အဆိုပြုလွှာပေးအပ်ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်အတွင်းရေးမှူးနှင့်အဖွဲ့ သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာကိစ္စရပ်များ မီဒီယာကိစ္စရပ်များ ဆွေးနွေး

 

မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း မြင်းခြံခရိုင်သင်တန်းကို မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြီး သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားကို ဗဟိုပါတီ ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးဝင်းမောင်မှ ပြောကြားပြီး သင်တန်းတက်ရောက်သူ (၅၂) နှင့် တိုင်းခရိုင် ပါတီကော်မတီဝင်များနှင့် မြင်းခြံခရိုင်အတွင်းရှိ လေးမြို့နယ်မှ ပါတီကော်မတီဝင်များ တက်ရောက်ပြီး သင်တန်းကို (၁၀း၀၀) နာရီအချိန်မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ် (၅၁)ရပ်ကွက် အောင် သစ္စာလမ်းတွင် ယခုလ ၂၃ ရက် နံနက် ၅နာရီ ၃၅ မိနစ်၌ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာအိမ်ခြေ၃၈ လုံး၊ လူဦးရေ ၁၅၆ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရာမီးဘေးသင့်ပြည်သူများ အတွက်ယာယီမီးဘေးကယ်ဆယ် ရေးစခန်းအား အမက(၃)စာ သင် ကျောင်းတွင်ဖွင့်လှစ်ထားရှိခဲ့သည်။

ပါတီဗဟိုအလုပ်​အမှု​ဆောင်​ လူငယ်​​ရေးရာတာဝန်​ခံ ကချင်​ပြည်​နယ်​တာဝန်​ခံ ​ဒေါက်​တာ ဦးအောင်​မြတ်​ဦး မြစ်​ကြီးနားခရိုင်​ လူငယ်​​တွေ့ဆုံပွဲတက်​​ရောက်

 

မြစ်​ကြီးနားခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့်​ လူငယ်​​တွေ့ဆုံပွဲအခမ်းအနားကို (၂၆-၂-၂၀၁၈) ရက်​​နေ့ ​နေ့လည်​ (၁) နာရီက ကချင်​ပြည်​နယ်​ ပါတီရုံးခန်းမမှာ ကျင်းပပြုလုပ်​ခဲ့ပါသည်​။
ရှေးဦးစွာ နိုင်​ငံ​တော်​သီချင်းသီဆိုလျှက်​ နိုင်​ငံ​တော်​အလံအား အ​လေးပြု ခြင်း၊ “ပြည်​ခိုင်​ဖြိုးလူငယ်​” သီချင်းဖြင့်​ အခမ်းအနားကို ဖွင့်​လှစ်​ခဲ့ပါသည်​။
တွေ့ဆုံပွဲကို ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ၊ လူငယ်​​ရေးရာတာဝန်​ခံ၊ ကချင်​ပြည်​နယ်​တာဝန်​ခံ ​ဒေါက်​တာဦး​အောင်​မြတ်​ဦး တက်​​ရောက်​အမှာစကား​ပြောကြားပါသည်​။
ဆက်​လက်​၍ အစီအစဉ်​အရ ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံ က အား​ပေးစကား​ပြောကြားပြီး လူငယ်​နှီး​နှောဖလှယ်​မှ ​တွေ့ရှိချက်​စာတမ်းများကို မြစ်​ကြီးနား၊ ၀ိုင်း​မော်​လူငယ်​​ကော်​တီဝ င်​များက တင်​ပြကြပါသည်​။
ထို​နောက်​ တက်​​ရောက်​လာကြသူများက တင်​ပြကြပြီး လူငယ်​​ရေးရာတာဝန်​ခံက နိဂုံးချုပ်​ အမှာစကား​ပြောကြားကာ ည​နေ (၃း၃၀) နာရီအချိန်​ခန့်​တွင်​” ပြည်​ခိုင်​ဖြိုး ..​ဟေ့”သီချင်းသီဆို ကာ အခမ်းအနား ရုပ်​သိမ်းခဲ့ပါသည်​။

ဒီးမော့ဆိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နန်းမယ်ခုံမြို့ မြို့မ ကယန်းရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံပွဲ

 

ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ် ဆံပင်မိတ်ကပ်အလှပြင်သင်တန်းဖွင့်ပွဲတက်ရောက်အမှာစကားပြောကြား

 

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အမျိုးသမီးငယ်လေးများ အတွက် အမျိုးသမီးဘဝမြှင့်တင် ရေးအစီအစဉ်အဖြစ် မိတ်ကပ်ဆံ ပင်အလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက မင်္ဂလာတောင် ညွန့်မြို့နယ် ပါတီရုံး၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော် မတီဝင်ဒေါ်အေးအေးမြင့်၊ ခရိုင် ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ မြို့ နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ သင်တန်းသူ ၂၅ ဦးတက် ရောက်သည်။ သင်တန်းဖွင့်ပွဲ အစီ အစဉ်အရ ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ် က အမှာစကားပြောကြားပြီး သင် တန်းကိုဖွင့်လှစ်ပေးခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ထားဝယ်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် တနင်္သာရီတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဒုဥက္ကဋ္ဌဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူးဦးနေမျိုးနှင့် ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း များ၊ ဗဟိုကော်မတီဝင်များ၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ထားဝယ်မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာကော်မတီဥက္ကဋ္ဌ များနှင့် ပါတီဝင်များ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တွေ့ဆုံခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စည်းရုံးရေးရာကိစ္စများ မှာကြားခဲ့သည်။ အခမ်းအနားတွင် တိုင်း/ခရိုင်/မြို့နယ်အတွင်းရေးမှူးများက ပါတီစည်းရုံးရေးကိစ္စရပ်များကို တင်ပြခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ မှော်ဘီမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မှော်ဘီမြို့နယ် ဝါးနက် ချောင်း(စံပြ)ကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှု ဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့သည်မှော်ဘီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ ပွဲအခမ်းအနား ကျင်းပခဲ့သည်။