မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးနှင့် ခရိုင်စည်းရုံးရေးကော်မတီအစည်းအဝေးကျင်းပ

 

၂၂.၂.၂၀၁၈ ရက်နေ့ မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးနှင့် ခရိုင်စည်းရုံးရေးကော်မတီအစည်းအဝေးကို မင်းဘူးခရိုင်ရုံးခန်းတွင် ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မင်းဘူး/ပွင့်ဖြူ ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ခရိုင်စည်းရုံးရေးကော်မတီဝင်များ တတ်ရောက်ကြပါသည်။

Crd;


တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်လုပ်ငန်းအစည်းအဝေးပြုလုပ်

 

(၂၁.၂.၂၀၁၈)ရက်နေ့တွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ ခရိုင်းအတွက်ရေးမှူး ဦးချမ်းမြ၊ ကော်မတီဝင်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိုနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မထောခူကျေးရွာအုပ်စု ပါတီဝင်များနှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မထောခူကျေးရွာအုပ်စု လောလာ လိကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဝမ့်ကွန်နှင့် လောလာလိရွာပါတီဝင်များနှင့် ယနေ့နံနက် ၁ဝ နာရီခွဲတွင် သွားရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီ၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင် ကော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့များက ပြည်ခိုင်ဖြိုး ပါတီရှေ့ဆက်လက်လုပ်ဆောင်ရမည့်ပါတီလုပ်ငန်း စဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီဝင်များသိသင့် သိအပ်သောအကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စရပ်များအား အကျယ်တဝင့်ဆွေး နွေးခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၅ ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသ ရေးအဖွဲ့မှ ယနေ့နံနက် ၉ နာရီမှစတင်၍ သွားနှင့်ခံတွင်း ဝေဒနာရှင် ၃၂ ဦးကို အခမဲ့ကွင်းဆင်း ကုသဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းကုသရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ အတွင်းရေးမှူုးဦးသန်းစိုး၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းဇော်ဦး၊ ဦးမြင့်ဦး၊ ဒေါ်တင်တင်အေး၊ ဒေါက်တာ ဇော်လင်းပြုံးနှင့် သွားဆရာဝန်ဒေါက်တာခိုင်ဇင်အောင်၊ ရပ်ကွက်စည်းရုံးရေးမှူးနှင့် အမှုဆောင်များ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်အရှေ့ပိုင်းမှပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ယနေ့နံနက် ၁၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့်တွေ့ဆုံ၍ ပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ သည်။

ပြင်​ဦးလွင်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲအခမ်းအနား ကျင်းပ

 

(၂၁.၂.၂၀၁၈)ရက်​​နေ့ နံနက်​(၀၈း၃၀)အချိန်​တွင်​ ပြင်​ဦးလွင်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှဖွင့်​လှစ်​​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲအခမ်းအနားအား ပြင်​ဦးလွင်​ပြည်​ခိုင်​ဖြိုးရုံး၌ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​၊ ဦးတင့်​လွင်​ဦး၊ ဦးစိုင်း​အောင်​ကြည်​၊ (ပထမအကြိမ်​)အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်​​မောင်​ဝင်း၊ ဖိတ်​ကြားထား​သောဧည့်​သည်​​တော်​များ၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဌ ဦးဝင်းကြည်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ ပြင်​ဦးလွင်​ခရိုင်​အတွင်းရှိမြို့နယ်​(၅)မြို့နယ်​မှ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်​အနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးတင့်​လွင်​ဦးနှင့်​ (ပထမအကြိမ်​)အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်​​မောင်​ဝင်းတို့မှ သင်​တန်းဖွင့်အမှာစကား​ပြောကြားခဲ့ကြကာ ပြင်​ဦးလွင်​ခရိုင်​ပါတီ​ကော်​မတီဝင်​ ဦးလင်း​အောင်​မှသင်​တန်းစည်းကမ်းများဖတ်​ကြားရှင်းလင်​ခဲ့​ကြောင်းသိရှိရပါသည်​။

#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

ဆိပ်ဖြူပြည်ခိုင်ဖြိုးပါတီမှ နွေရာသီပန်းချီသင်တန်းအတွက် ရောင်စုံခဲတံဗူးအမျိုးမျိုးနှင့် ပန်းချီဆွဲရာတွင် အသုံးပြုရန် စာရွက်ထုတ်များ ထောက်ပံ့ကူညီ

 

ဆိပ်ဖြူ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ သင်တန်းဖွင့်လှစ်လျက်ရှိသည့် နွေရာသီပန်းချီသင်တန်းအတွက် (၂၀.၂.၂၀၁၈) ရက်နေ့က သင်ထောက်ကူပစ္စည်းများအား ဆိပ်ဖြူပြည်ခိုင်ဖြိုပါတီမှဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်၊ မြို့နယ်အရံကောက်မတီဝင် ဦးအောင်ဝင်းတို့မှ ရောင်စုံခဲတံဗူးအမျိုးမျိုးနှင့် ပန်းချီဆွဲရာတွင်အသုံးပြုရန် စာရွက်ထုတ်များအား ဆိပ်ဖြူ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူးဦးမျိုးမြင့်အောင်ထံ ထောက်ပံ့ကူညီခဲ့ပါသည်။

Crd;

မြောက်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲကျင်းပ

 

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် မြောက်ဦးမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ လူငယ်တွေ့ဆုံပွဲနှင့် ဖိုရပ်ငယ်တခုကို ကျင်ပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံပွဲတွင် မြောက်ဦးခရိုင်ပါတီဥက္ကဋ္ဌ ဦးလှသာထွန်းမှအဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးမောင်လှဝေမှ လူငယ်တွေ့ဆုံပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီးလည်းကောင်း ရှေ့ဆက်ပြီးလူငယ်များ၏ အခန်းကဏ္ဍများကိုရှင်လင်းပြောကြားကာ တက်ရောက်လာကြသော လူငယ် (၅၀) တို့မှလည်းအုပ်စုလိုက်ဖွဲ့ပြီး ဖိုရမ်များပြုလုပ်ဆွေးနွေးကြကြောင်းနှင့် အစည်းအဝေးကို ညနေ (၁၆း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြပါသည်။

မရမ်းကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး ၍ နွေရာသီအင်္ဂလိပ်စာ (Basic Grammar Sunmer Camp) သင်တန်း(၁/၂ဝ၁၈)ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် (၁)လမ်းရှိရပ်ကွက်ပြည်ခိုင်ဖြိုး ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမင်းသိန်းထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကယားလီအမျိုးသားလူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ်ခြင်း

 

(၂၀-၂-၂၀၁၇)ရက်နေ့၊နေ့လည်(၂း၃၀)နာရီတွင်ကယားပြည်နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ ကယားလီအမျိုးသားလူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် ကယားအမျိုးသားလူငယ် ဦးပိုးရယ်ခူးတလေထံ အလှူငွေကျပ်(၁)သိန်းတိတိ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိသည်။

Crd;