လွိုင်ကော်မြို့၊ မတ်လ ၈
ယမန်နေ့(၈-၃ – ၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန် တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူရွာလူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ ပါသည်။
လွိုင်ကော်မြို့၊ မတ်လ ၈
ယမန်နေ့(၈-၃ – ၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန် တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူရွာလူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ ပါသည်။
မတ်(၈)၊ပြင်ဦးလွင်
ပြင်ဦးလွင်မြို့နယ်၊ သံမဏိစက်ရုံ၊ ကျွဲနားထောက်စံပြကျေးရွာရှိ မေတ္တာရောင်ခြည်ကျောင်းတိုက် ၂၀၁၇- ၂၀၁၈ပညာသင်နှစ်၊ ဓမ္မစကူးကျောင်းသား/ကျောင်းသူများ အာစရိယပူဇော်ပွဲနှင့်ဆုနှင်း သဘင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့ရာ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းကြည်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးလင်းဇော်မင်းနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ပါတီဝင်၊ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်၊သံမဏိစက်ရုံ၊ကျွဲနားထောက်စံပြကျေးရွာ၊ မေတ္တာရောင်ခြည်ကျောင်းတိုက်ရှိ ဓမ္မစကူးကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗလာစာအုပ်(၅၅)ဒါဇင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နေပြည်တော် မတ် ၈
(၇.၃.၂၀၁၇)ရက်နေ့က မီးဘေးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးသွားသော အောင်မြေသာစံမြို့နယ်၊ သရက်ကုန်းရပ်ကွက်မှ မီးဘေးသင့် အိမ်ထောင်စု(၁၂)စုသည် သရက်ကုန်းဓမ္မာရုံရှိကယ်ဆယ်ရေးစခန်းတွင် ခေတ္တနေထိုင်လျက်ရှိရာ (၈.၃.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကိုကိုလေးနှင့်အဖွဲ့မှသွားရောက်တွေ့ဆုံကာ အားပေးစကားပြော ကြားခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများအတွက် ခေါက်ဆွဲထုပ်၊ ကိတ်ခြောက်၊ အချိုရည်၊ ရေသန့်ဗူးများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့  (၈.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀ )နာရီတွင် နတ်တလင်းမြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် စု(၈၄) အုပ်စုမှ ရပ်ကျေးစည်းမှူးများအား ရပ်ကျေးပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန်းဇော်၊ ထွန်း၊ ဒေါ်ထားထားနု၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလင်း၊ နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီမှ စည်းမှူးနှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ ယနေ့ အစည်းအဝေးသို့  အင်အား (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မကွေး ၊ မတ်လ ၊ ၈ ရက်
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် (၆.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီကော်မတီဝင် ဦးလှခိုင်၊ တိုင်းသတင်းတာဝန်ခံ ဦးသန်းထွန်း၊ တက်ရောက်ပြီး ပထမဦးစွာ အတွင်းရေးမှူး ဦးဝင်းကိုကိုမှ အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးသတင်းတာဝန်ခံ ဦးသန်းထွန်းမှ သတင်းမီဒီယာ နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ချပြဆွေးနွေးပြီး တက်ရောက်လာသည့် ခရိုင်တာဝန်ခံများမှ ပြန်လည်ဆွေးနွေးရာ နေ့လည် (၂) နာရီတွင် ပြီးဆုံးပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းအတွင်းမှ ခရိုင်သတင်းတာဝန်ခံ (၆) ဦး၊ ခရိုင်အတွင်းရေးမှူး (၆) ဦးနှင့် စုစုပေါင်း (၁၅) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
၇. ၃. ၂၀၁၈နေ့တွင် ကချင်ပြည်နယ်ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသက်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ စင့်ကင်ကျေးရွာမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အ. ထ. က(၁) ကျောင်းသို့လာရောက်ဖြေဆိုကြသော ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများအား ခေါက်ဆွဲ. ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ဘောပင်များဖြင့် စေတနာထက်သန်စွာ တာဝန်ရှိ ဆရာမထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
Ami Ko
မယ်စဲ့မြို့နယ် – မတ်လ ၅
၅-၃-၂၀၁၈ ရက်နေ့ ညနေ ၅း၀၀ နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ ဘောလခဲခရိုင်ကောင်မတီဝင် ဦးနှင်းဝေ၊ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလောရင်းနှင့် မြို့နယ် ကော်မတီဝင်များသည် ပန်တိန်းတိုက်နယ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. ဧလိယနက်နှင့် သွားရောက်တွေ့ဆုံကာ ဘုရား၏သန့်ရှင်းသော မယ်တော် ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ(၁၅၀၀၀၀ိ/-) တိတိ သွားရောက်ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။
မှော်ဘီမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့် ရပ်ကျေးပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့(7- 3- 2018)ရက်နေ့ နံနက် (09:00)နာရီအချိန်တွင် မြို့နယ်ရုံး၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်(မြောက်ပိုင်းခရိုင်တာဝန်ခံ)ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင် (မှော်ဘီမြို့နယ်တာဝန်ခံ) ဒေါက်တာနေလင်း၊တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့် ၊ခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ကော်မတီဝင်များ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်-ကျေးများမှ ရပ်-ကျေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။