လွိုင်ကော်မြို့၊ မတ်လ ၁၃
လွိုင်ကော်မြို့၊ မတ်လ ၁၃
ရန်ကုန် မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁နာရီမှစတင်၍ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ မြို့နယ် များမှ လူငယ်တာဝန်ခံများစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ညီလာခံတွင်ဆွေးနွေးနိုင်ရန်အတွက် လူငယ်မူဝါဒနှင့်ရှေ့ လုပ်ငန်းစဉ်များကိုစာတမ်းပြုစု၍ စုပေါင်းဆွေးနွေးမှုများ ကျင်းပခဲ့ပြီး လူငယ်များအနာဂတ်ဘဝသာယာလှပရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသော မြို့နယ်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျုံပျော် မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို တိုက်နယ်အလိုက် ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီတွင် အထောင်တိုက်နယ် ကြက်တညင်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အဆိုပြုလွှာ စုပေါင်းပေးအပ်မည့်ပါတီဝင်များ တက်ရောက်ကြသည်။
ရန်ကုန် မတ် ၁၂
မြောက်ဥက္က္တာပမြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ အပတ်စဉ်ပုံမှန်အစည်းအဝေးအား ယနေ့ညနေ ၃ နာရီတွင် မြိုနယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးအား မြို့နယ်ပါတီဥက္ကဌကိုယ်စား မြိုနယ်ပါတီအတွင်းရေးမှုးဦးဝင်းကြိုင်မှ ဦးဆောင်ကျင်းပပြီး ရှေ့လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားပြီး မြိုနယ်ရေးရာတာဝန်တာဝန်ခံများမှ ရေးရာအလိုက်ဆွေးနွေးပြီး တက်ရောက်လာသော ရပ်ကွက်ခေါင်းဆောင်များမှ ရပ်ကွက်အလိုက် လုပ်ဆောင်ချက်များ ပြန်လည်ရှင်းလင်းပြောကြားပြီး အစည်းအဝေးအား ညနေ ၃ နာရီ ၄၅ မိတွင် ပြီးမြောက်ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အကြမ်းဖက်မှုများကို တစ်နိုင်ငံတည်း ရင်ဆိုင်ကျော်လွှားရန် မဖြစ်နိုင် သဖြင့် အာဆီယံ – သြစတြေးလျ နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာတွင် ပါဝင် လက်မှတ် ရေးထိုးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
ယင်းနားလည်မှုစာချွန်လွှာ တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင် လက်မှတ်ထိုးနိုင်ရေးကိစ္စနှင့်ပတ် သက်၍ မတ်လ ၁၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရာ လွှတ်တော် ကိုယ်စားလှယ်များက ယင်းကဲ့သို့ ထောက်ခံဆွေးနွေးပြီး လွှတ်တော်က သဘောတူခဲ့သည်။
မြန်မာ့လူ့အခွင့်အရေး အခြေအနေဟာ ဆိုးဝါးနေဆဲဖြစ်တယ်လို့ မြန်မာ့လူ့အခွင့်အရေး အခြေအနေကို စုံစမ်း စစ်ဆေး နေတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ဟာ သူတို့ရဲ့တွေ့ရှိချက် တွေကို ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဖေဖော်ဝါရီ ၁၂ရက်က တင်ပြခဲ့ပါတယ်။
ရှားတောမြို့-မတ်လ ၁၃
၁၃.၃.၂၀၁၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဒေါလဲဒူကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပါ သည်။
ပြီးနောက် ဒေါလဲဒူဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ပေးသော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်သော ကလေးသူငယ်များနှင့် မိဘများ ၁၂၀ ဦးတို့အား ခေါက်ဆွဲကျော် အာဟာရ ကျွေးမွေးပါသည်။
၎င်းနေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကလေးသူငယ်များအား အာဟာရကျွေးမွေးရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလူ၊ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ ဒေါလဲဒူရွာ ယဉ်ကျေးလိမ်မ္မာ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၁၂၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။
ပုသိမ် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များသည် ပုသိမ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်များမှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ရန်ကုန် မတ် ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသော ရပ်ကွက်စည်းရုံးရေးမှူးများနှင့် အမှုဆောင်များအား ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအဖြစ် တာဝန် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။