ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို စည်ပင်ဥပဒေအတည်ပြုပြီးနောက် ပြုလုပ်မည်ဖြစ်ပြီးကြားဖြတ် ရွေးကောက်ပွဲကြောင့် အပြောင်းအလဲရှိနိုင်မည် မဟုတ်ကြောင်း ရန်ကုန်စည်ပင် တွဲဖက် အတွင်းရေးမှူးဦးသန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို တိုင်းဒေသကြီး လွှတ်တော်တွင် ဖေဖော်ဝါရီက တင်ပြထားပြီး လွှတ်တော်၌ ဆွေးနွေးအတည်ပြုပြီးပါက ယခုနှစ်အတွင်း ပင်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးကပြောကြားထားသည်။