သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်စာတမ်းဖတ်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် လူငယ်ပါတီဝင် ၇၃ဦးတို့သည် ယနေ့နိုင်ငံရေး အခြေအနေ အမျိုးသားနိုင်ငံရေးကိစ္စ(၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီပြဿနာများနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခေါင်းစဉ်များဖြင့် လူငယ်စာတမ်းဖတ်ဆွေး နွေးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

၎င်းအခမ်းအနားသို့ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပါတီနာယက နှင့်အကြံပေးများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၁၂ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။

မကျီးဖြူကျေးရွာမီးဘေးသင့်အိမ်ထောင်စုများအား ဆန်အိတ်များလှူဒါန်း

 

ဝက်လက်မြို့နယ် မကျီးဖြူကျေးရွာ မီးဘေးသင့် အိမ်ထောင်စု များအား စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော ဆန်အိတ် ၂၈ ပိုင်းကို ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှု ဆောင်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုမှာ ယခုလ ၁ဝ ရက်ညနေပိုင်းတွင် ထမင်းချက်ရာမှ စတင်လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၂၂စု မီးဘေး သင့်ခဲ့ကြောင်း သိရသည်။

အန္တိမဈာပနကျင်းပပြုလုပ်ရန် အလှူတော်ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ကမ်းပြို ကျေးရွာရှိ မိုးကုတ်ကျောင်းဦးစီးပဓာန(နာယက)ဆရာတော်ဦးအဂ္ဂံသ သက်တော်(၉၉နှစ်) ဝါတော်(၇၉)ဝါသည် ယမန်နေ့ ည ၇နာရီ၌ ဘဝ နတ်ထံပျံလွန်တော်မူသွားသဖြင့် ဆရာတော်ကြီးအား ပြည်ခိုင်ဖြိုးပါတီ မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အဆိုပါကျောင်းရှိ တိုက်အုပ်ဆရာတော်ဦးတိလောကအားဖူးမြော်၍ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အန္တိမဈာပနကျင်းပရန်အတွက် အလှူတော်ငွေ သွား ရောက်လှူဒါန်းခဲ့ပြီး ဈာပနပွဲကျင်းပရာ၌ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များမှနေ့စဉ်လုပ်အားဒါနပေးလှူသွားမည်ဖြစ်ကြောင်း သိရသည်။

လေဘေးသင့်ပြည်သူများအား မြန်အောင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့တွင် ယခုလ ၁၂ ရက် မွန်းလွဲ ၃ နာရီ မိနစ်၂ဝခန့်က လေ ပြင်းတိုက်ခတ်မှုကြောင့် မြန်အောင် မြို့နယ်ရှိသပြေကုန်းတိုက်နယ်တွင် နေအိမ် ၃၈ လုံး၊ တောင်ရိုးတိုက် နယ်တွင် နေအိမ် ၂၆ လုံး၊ ရွှေကျင် တိုက်နယ် ညောင်ဝိုင်းအုပ်စုတို့တွင် နေအိမ် ၁၇ လုံး စုစုပေါင်း နေအိမ် ၈၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ် အမှတ် ၃ ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်အသစ် ပါတီကဒ်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

 

၁၃.၅.၂၀၁၈ ရက်​​နေ့ ​နေ့လည် ၁၄း၀၀ နာရီတွင် လပွတ္တာမြို့နယ် အမှတ် ၃ ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်အသစ် ပါတီကဒ်ပေးအပ်ပွဲအခမ်းအနားပွဲပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ
ဦးဝင်းဆွေ၊ မြို့နယ်ပါတီဘဏ္ဏာရေးမှူး ဦးစန်းမင်း၊ မြို့နယ်ပါတီကော်မတီဝင်​ နယ်မြေတာဝန်ခံ ဦးအောင်တင်၊ လူငယ်တာဝန်ခံ ဦးညိုဝင်း၊ ဦးကျော်မျိုးနင့် အမှတ် ၃ ရပ်ကွက် အမှတ် ၂ ရပ်ကွက် ညောင်လိန်အုပ်စု လ/မြောက်အုပ်စု များမှ ပါတီဥက္ကဌများ ပါတီဝင်များ စုစုပေါင်းအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြောက်ပိုင်းဒေသ စစ်ရေးပဋိပက္ခနှင့် ပတ်သက်၍ အပစ်အခတ် ချက်ချင်းရပ်စဲရန် တရုတ်သံရုံးထုတ်ပြန်

တရုတ် – မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ဖျက်ဆီးသော အပြုအမူများနှင့် မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တမင်သက်သက် နှောင့်ယှက်သော အပြုအမူများကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက မေလ ၁၃ ရက်တွင်ကြေညာချက်ထုတ်ပြန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် မေလ ၁၂ ရက်က ရဲကင်းစခန်းနှင့် ပြည်သူ့စစ်များကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)က ဝင်ရောက် တိုက်ခိုက်ရာအရပ်သားများအပါအဝင်လူ ၁၉ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သံရုံး က ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD နှင့် SNDP နှစ်နေရာစီ ၀င်ပြိုင်မည်

 

နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD-ကျားခေါင်းပါတီ) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP-ကျား ဖြူပါတီ) တို့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူများက မေလ ၁၃ရက် တွင်ပြောသည်။ 

ယင်းနှစ်ပါတီသည် ရှမ်းပြည်နယ်လဲချားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသား ရေးရာ လူမျိုးမဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  ‘‘နှစ်နေရာ စလုံးဝင်ပြိုင်ဖို့ အတွက်အောက်ခြေ မှာတော့ အစည်းအဝေးလုပ်ဖို့ကို ညွှန်ကြားထားပြီးသားဖြစ်တယ်’’ ဟု SNLD တွဲဖက်အတွင်းရေးမှူး (၁) ဦး စိုင်းလိတ်က ပြောသည်။ 

NCA လမ်းကြောင်းပေါ် ကေအိုင်အေတက်မလာပါက အစွမ်းကုန်ရှင်းမည်ဟု မြောက်ပိုင်းတိုင်းတိုင်းမှူးသစ်ပြော

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ် တက်မလာပါက နိုင်ငံတော်အစိုးရကို လက်နက်ကိုင် တော်လှန် ပုန်ကန်နေသူများအဖြစ် သတ်မှတ်၍ အစွမ်းကုန်ရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်က ပြောကြား သည်။ 

မော်လမြိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက်၁၀နာရီခန့်က မြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးမှ ရှေ့ဆက်လုပ်ငန်းစဉ်များအား ဆွေးနွေးကာ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ ဗဟိုလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများမှ မိမိတို့၏လုပ်ဆောင်ချက်များ လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြကာ နံနက် ၁၁နာရီခွဲခန့်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ကြောင်း သိရသည်။