
တရုတ်-အာဆီယံစီး ပွားရေးလုပ်ငန်းရှင်များအသင်းတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကြီး များပါဝင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

တရုတ်-အာဆီယံစီး ပွားရေးလုပ်ငန်းရှင်များအသင်းတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကြီး များပါဝင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်များ ပြန်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ခုတို့ သဘောတူMoU လက်မှတ်ရေးထိုးမဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလာဒေ့ရ်နိုင်ငံက ဒုက္ခသည် ဆိုင်ရာ ကော်မရှင်နာMonammad Abul Kalam က ကြိုဆိုရမဲ့ ကိစ္စဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေ့ရ်နိုင်ငံ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဟာ ပြည်ပဖိအားတွေကြောင့် မဟုတ်ပဲ လုပ်ငန်းအစဉ်ပြေချောမွေ စေရေးအတွက်ဖြစ်ပါတယ်။ တပြိုင်နက်မှာ မိမိတို့ နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ အမျိုးသား အကျိုးစီးပွားကို မထိခိုက်အောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ လူငယ်အဖွဲ့များသည် မကာဟိုခမ်းရပ်ကွက်၊ (ယာမြေ) မြတ်လေးလမ်းသွယ်၊ ယခင်လမ်းကြားလမ်းကျင်းအားချဲ့ထွင်၍ မော်တော်ယဉ်များ လွယ်ကူစွာဝင်ထွက်သွားလာနိုင်ရန် ကိုယ့်အားကိုယ်ကိုး လမ်းပြုပြင်ရာနေရာသို့ (၄.၆.၂၀၁၈) ရက်နေ့တွင် သွားရောက်လုပ်အားပေးခဲ့ပြီး မြို့နယ်ဘဏ္ဍာရေးမှူး ဦးကျော်ငြိမ်းအောင်မှ ၎င်းလုပ်အားပေးအဖွဲ့များအား အချိုရည်နှင့်မုန့်များ ဒါနပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည် ။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

နေပြည်တော်၊ ဇွန် ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းခမ်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန် ကျင်းပ ပြုလုပ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို အတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား တိုင်းနှင့်ပြည်နယ်များမှ သင်တန်းသားဦးရေ ၁၁၁ ဦးဖြင့် ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ ဇွန် ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေလွင် သည် ယမန်နေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသော နွေရာသီအင်္ဂလိပ်စာ သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၄) ရက်နံနက် (၉:၃၀) နာရီက မြောက်ဥက္ကလာပမြို့နယ်ခန်းမတွင် ပြုလုပ်ကြောင်း သိရှိရသည်။
အဆိုပါအခန်းအနားသို့ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်ဒေါက်တာပွင့်ဆန်း၊ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဌများ မြိ့နယ်ကော်မတီဝင်များနှင့်ပါတီဝင်အင်အား (၁၀၀၀) ကျော် တက်ရောက်ကြသည်။
၃၁.၅.၂၀၁၈ နေ့တွင် မာန်အောင်မြို့ မြို့သစ်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အသစ် စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် ကော်မတီဝင်များမှ ပါတီဆိုင်းဘုတ်သစ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ ပါတီဝင်သစ်(၃၀)ဦး၏ အဆိုပြုလွှာများကို ရပ်/ကျေးပါတီအဖွဲ့ဝင်ဒေါ်ခင်လှကြည်မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်ထံသို့ ပေးအပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ်များတပ်ဆင်ခဲ့ကြသည်။
TM
ယမန်နေ့(၃၁.၅.၂၀၁၈)တာချီလိတ်မြို့၊လွယ်တော်ခမ်းအုပ်စု ကုသိန္နာရုံဘုန်းတော်ကြီးကျောင်းရှိ ရန်အောင်မြေ အဘယလာဘမုနိစေတီတော်မြတ်တည်ဆောက်မှုအား တာချီလိတ်မြို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း၊ခရိုင်ပါတီဥက္ကဌဦးဘိုစံတို့ ဦးဆောင်၍ ပါတီဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်းအား(၄၀)ဦးဖြင့် သွားရောက်လုပ်အားပေးကုသိုလ်ယူခဲ့ကြကြောင်းသိရှိ ရပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ
ရန်ကုန် မေ ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင်၊ ပါတီကော်မတီဝင်များသည် ခရိုင်စည်းရုံးရေးနယ်မြေအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များအား ယနေ့နံနက် ၉ နာရီက ခရိုင်ပါတီရုံး အစည်း အဝေးခန်းမဆောင်တွင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ ကြောင်း သိရသည်။