(၁၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၄၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၇၃) ဦး တွေ့ရှိရသဖြင့် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၂.၁၉) ရာ ခိုင်နှုန်း ရှိပါသည်။
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၇၇) ဦး တွေ့ရှိ
(၁၈-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၂၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၇၇) ဦး တွေ့ရှိရသဖြင့် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၂.၀၉) ရာခိုင်နှုန်း ရှိပါသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ဖောက်ဖျက်သည်ဟုဆိုကာ Thomas Money Changer အား လိုင်စင်ဖျက်သိမ်း
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၂) အားဖောက် ဖျက်သည်ဟုဆိုကာ Thomas Khanno Co., Ltd ၏ Money Changer လိုင်စင်အား ဗဟိုဘဏ်က ဖျက်သိမ်းခဲ့ ကြောင်း သိရသည်။
နေပြည်တော်တွင် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ခဲ့ပြီး ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက် အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်က ၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စတင်ကျင်းပခဲ့ပြီး ယင်းပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကော်မတီဝင်များအား ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် ပါတီ၏ သန္နိဌာန်ရွတ်ဆိုပြုခြင်းအခမ်းအနားဆောင်ရွက်ခြင်း
ဒဂုံမြို့သစ်(မြောက်ပိုင်း) အောက်တိုဘာ ၁၈
ဒဂုံမြို့သစ်မြောက်ပိုင်းမြိုနယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ပါတီကော်မတီဝင်များအား ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့်ပါတီ၏ သန္နိဌာန်ရွတ်ဆိုပြုခြင်းအခမ်းအနားအား ၁၈.၁၀.၂၂ရက်နေ့ နံနက်၁၀:၃၀ နာရီက မြို့နယ်ပါတီရုံးခန်မတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို မြို့နယ်ပါတီဥက္ကဌဦးသန်းစိုး၊ အတွင်းရေးမှူးဦးကျော်ထင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဌနှင့်ကော်မတီဝင်များ တတ်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပါတီညီလာခံအတွေ့အကြုံနှင့်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ ပါတီဗဟိုဥက္ကဌဦးခင်ရီ၏ လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်း ဆွေးနွေခဲ့ကြပြီး ပါတီ၏သန္နိဌာန်အား ရွတ်ဆိုပြုခါအခမ်းအနားကို နေ့လည်(၁၂း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်း လင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ပင်လောင်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ တတိယအကြိမ်ပါတီ ညီလာခံ အတွေ့ကြုံ ရှင်းလင်းပွဲနှင့်ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့၊ မြို့နယ်ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ မြို့နယ်ဘဏ္ဍာရေးမှူး၊မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေး စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ပါသည်။
အကြမ်းဖက်ဘေးရှောင်မြို့နယ်ကော်မတီဝင်များအား ဆန် ဆီ ဆား ထောက်ပံ့
မိုးမိတ် အောက်တိုဘာ ၁၈
မိုးမိတ်မြို့သို့ ရောက်ရှိနေသည့် အကြမ်းဖက်ဘေးရှောင်မဘိမ်းမြို့နယ်မှ မြို့နယ်ကော်မတီဝင်များအား ပြည်နယ်ပါတီမှ ထောက်ပံ့ ပေးသည့်ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်ဥများကို ယနေ့ နေ့လည် ၁နာရီက မိုးမိတ်ခရိုင်ဥက္ကဌဦးစိုးမြင့်နှင့် မြို့နယ်ပါတီဥက္ကဌဦးကျော်စိန်တို့မှ ၎င်းတို့ ခေတ္တနေထိုင်သည့် နေအိမ်များသို့ သွားရောက် ပေးအပ်ထောက်ပံ့ခဲ့ပါသည်။
ပန်းတနော်ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်း
အောက်တိုဘာ – ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီက တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်
အောက်တိုဘာ – ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီ ညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်(မြန်အောင်ခရိုင် နယ်မြေတာဝန်ခံ) ဦးကျော်ဝင်းနိုင်၊ မြန်အောင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ
ပြင်ဦးလွင် အောက်တိုဘာ ၁၈
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်ခရိုင် / မြို့နယ်ရုံးတွင် တတိယအကြိမ်ပါတီညီလာခံ ( ၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ပြင်ဦးလွင် ခရိုင်/မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနား၌တိုင်းပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တတိယအကြိမ် ပါတီညီလာခံ ( ၂၀၂၂ )အတွေ့အကြုံများ၊ ပါတီအကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တိုင်းပါတီ ဥက္ကဌ၊