
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည် လက်ခံမယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ တို့ကြား ဒီနေ့ပဲ နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လည် လက်ခံမယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ တို့ကြား ဒီနေ့ပဲ နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီ အထောက်အပံ့များပေးရန် အစိုးရနှင့်ကုလသမဂ္ဂဖွံ့ဖြိုးရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
လွိုင်ကော်၊ ဇွန် ၇
ယနေ့ ၇ – ၆ -၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၃၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးလူရယ်ဖိုးလူနှင့် ဦးကိုရယ်၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေတို့ တက်ရောက်ကြောင်း သိရှိရသည်။
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးဌေးလှိုင်၊ ဦးဝင်းမောင် တို့သည် ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များဖြင့် ၇.၆၂၀၁၈ ရက်နေနံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများတို့ ပြုလုပ်ခဲ့ပါသည်။
Aung Thut Ta Han’ photo
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဇနီး ဒေါ်ခင်မျိုးဌေးတို့ သည် (၇.၆.၂၀၁၈) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် တာပါယ်ကျေးရွာအုပ်စု၊ သဲတောကန်ရွာဦးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးကုသလအား ဖူးမျှော်ကန်တော့ကာ ရှေးဟောင်းဘုရားကျောင်းဆောင်ပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း (၂၀) နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Zaw Aung Htet
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း(ရှမ်းရှေ့အမျိုးသမီးရေးရာတာဝန်ခံ)၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ မကာဟိုခမ်းရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ ဝင်များနှင့်  ပြည်ခိုင်ဖြိုးပါတီရုံးတွင် တွေ့ဆုံ၍ ပါတီအမျိုးသမီးရေးရာအဖွဲ့ လှုပ်ရှားဆောင်ရွက်ရွက်မှုများအား နွေးဆွေးညှိနိုင်းခဲ့ကြပြီး ဒေါ်တင်မေထွန်း၊ မြို့နယ်ဥက္ကဌ၊ မြို့နယ်ကော်မတီဝင်များ၊ လူငယ်အဖွဲ့များ အင်းအား (၂၀) ဦးလိုက်ပါ၍ ယနေ့ (၇.၆.၂၀၁၈) နေ့တွင် မကာဟိုခမ်းရပ်ကွက်နေ အဖွားဒေါ်ပါရှဲန်အသက်( ၉၂) နှစ်၊ အဖွားဒေါ်ခင်သန်း အသက် (၉၂) နှစ်ရှိ အဖွားနှစ်ဦးတို့အား နေအိမ်ရာသို့သွားရောက်ခဲ့ပြီး တစ်ဦးလျင် ကျပ်တစ်သိန်းတန်ဖိုး (စောင်၊ မုန့်၊ အချိုရည်ဗူးနှင့်ငွေသားများအား ပေးအပ်ကန်တော့ခဲ့ကြပြီး မကာဟိုခမ်းရပ်ကွက်မှ အမာခံပါတီဝင်တစ်ဦးဖြစ်သူ လေဖျန်းဝေဒနာခံစားနေရသော
ဦးသန်းနိုင်အား ကြည့်ရှု့၍ အချိုရည်၊ မုန့်များနှင့် ဘတ်ငွေတစ်ထောင်ဘတ်အား ပေးအပ်ပြီး အားပေးနှစ်သိမ့်စကားပြောခဲ့ကြောင်း သိရှိရပါသည် ။
ရန်ကုန် ဇွန် ၆
ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦး ဆောင်မှုဖြင့် ယခုနှစ်နွေရာသီ အင်္ဂလိပ်စာ (Busic Grammar Summer Camp)အခမဲ့ သုံးလ သင်တန်းဆင်းပွဲ အခမ်းအနားကို (၁)ရပ်ကွက်ပါတီရုံးခန်းမ၌ ယမန် နေ့ မွန်လွဲပိုင်းက ကျင်းပခဲ့ရာ မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်း သိန်းထွန်းက သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။
နေပြည်တော် ဇွန် ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ဦးဆောင်သောချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည်ယမန် နေ့ နံနက် ၉ နာရီ ၅၅မိနစ်တွင်Nanning မြို့မှ မြန်နှုန်းမြင့် ကျည် ဆန်ရထားဖြင့် Baise မြို့သို့ ထွက် ခွာခဲ့ကြသည်။ ၄င်းနောက်Baiseမြို့ Baise Executive Leadership Academy (BELA) ခေါင်း ဆောင်မှုလေ့ကျင့်ရေးအကယ်ဒမီ သို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက် ရှိခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင် ဇွန်လ (၆) ရက်နံနက် (၁၁) နာရီက ပြည်ခိုင်ဖြိုးဗဟိုလူငယ်ညီလာခံသို့တက်ရောက်ခဲ့သည့် လူငယ်ပါတီဝင်များအား ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှတွေ့ဆုံ၍ လမ်းညွှန်သြဝါဒစကားပြောကြားကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များတိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ လူငယ်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ လူငယ်တာဝန်ခံများမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။ ထို့နောက် တိုင်းပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ယနေ့လူငယ်ညီလာခံတက်ရောက်ခဲ့သည့်လူငယ်များအား တွေ့ဆုံရခြင်းမှာ ပါတီဥက္ကဌကြီး၏လမ်းညွှန်မှာကြားချက်များကို ပြန်လည်ပြောကြားလို၍ဖြစ်ကြောင်း
လူငယ်ပါတီဝင်များသည် မြို့နယ်ခရိုင်နှင့်တိုင်းပါတီကော်မတီရုံးများနှင့် အဆက်အသွယ်မပြတ်စေလိုကြောင်း၊ လူငယ်အင်အားများတိုးတက်အောင်ဆောင်ရွက်စေခြင်ကြောင်း၊ မြို့နယ်ခရိုင်တိုင်းပါတီများကလည်း လူငယ်များကို တာဝန်ပေးအပ်ကြဖို့လိုကြောင်း၊ လူငယ်ပါတီဝင်များကလည်း ပါတီလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဗဟုသုတရရှိမည့်စာအုပ်စာပေများကိုလည်း လေ့လာကြစေခြင်ကြောင်း၊ လူငယ်များပါတီတာဝန်များကိုတိုးမြှင့်ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။ ထို့နောက်ခရိုင်ပါတီဥက္ကဌများမှ လူငယ်ပါတီဝင်များနှင့်ပါတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲေ့ကြာင်းသိရှိရသည်။