ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံ့တေးမြို့နယ် မြို့နယ်ပါတီရုံး၌ ရခိုင်အရေး ဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်
အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အစီအစဉ်အရ ယနေ့ဖြစ်ပေါ်လျှက်ရှိသော ရခိုင်အရေးနှင့် ပက်သက်၍ စာရေးဆရာ မောင်စေတနာ BA,BED နှင့် စာရေးဆရာ ဦးမင်းကိုမြင့် (မြောင်းမြ) တို့မှ အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁ နာရီအချိန်၌ ရုပ်သိမ်းခဲ့ကြောင်း၊ ၄င်း အခမ်းနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး စာရေးဆရာများ မြို့နယ်ဥက္ကဌ ဒေါက်တာသိန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ စုစုပေါင်း အင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။