ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန်အစည်း အဝေးကို ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီခွဲအထိ ပန်းတနော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

၂၁ ရာစုပင်လုံဖွင့်ပွဲသို့ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြား မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူးတာလှဖေက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုအလိုက် ဆိုင်းဘုတ်အသစ်တင်

 

မန္တလေးတိုင်းဒေသကြီးညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ် အဟောင်းများကို ဖြုတ်သိမ်း၍ ဆိုင်းဘုတ်အသစ်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပါတီကော်မတီဝင်တစ်ဦးထံမှ သိရသည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

စဥ့်ကိုင် ဇွန် ၂၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ စွန်ရဲအုပ်စု ရှမ်းကန်အုပ်စု တောင်ရင်းအုပ်စု (၃)အုပ်စု ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင် များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရခိုင်အရေးပြည်သူ့သဘောထားအမြင်ဆွေးနွေး

 

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်အရေး ပြည်သူ့သဘောထားအမြင်ဆွေးနွေး ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဝါရင့် သတင်းစာဆရာကြီး စာရေးဆရာ တက္ကသိုလ်မြတ်သူ၊ အရှေ့ပိုင်း ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှ မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ အင်အား ၈၅ဦး ခန့်တက်ရောက်ခဲ့ကြသည်။

၂၁ ရာစု ပင်လုံညီလာခံသို့ လေ့လာသူအဖြစ် ဖိတ်ကြားပါက တက်ရောက်မည်ဟု နာဂလက်နက်ကိုင်အဖွဲ့ပြော

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးသို့ လေ့လာသူအဖြစ် ဖိတ်ကြားပါက တက်ရောက်မည်ဟု နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြောသည်။

တပ်မတော်အရာရှိငါးဦးနှင့် လုံခြုံရေးရဲအရာရှိ နှစ်ဦးကို အီးယူပိတ်ဆို့အရေးယူ

ဥရောပသမဂ္ဂ(အီးယူ)သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိငါးဦးနှင့် လုံခြုံရေး အရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့ (ဇွန်လ ၂၅ ရက်) က ထုတ်ပြန်ကြေညာသည်။ ပိတ်ဆို့ အရေးယူခံရသည့် တပ်မတော်အရာရှိငါးဦးသည် ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၃)စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၃) တာဝန်ဆောင်ရွက် ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦး၊ တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်၊ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ခင်မောင်စိုးဖြစ်ပြီး ရဲအရာရှိနှစ်ဦးသည် နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ ရဲမှူးချုပ်သူရစန်းလွင်နှင့် အမှတ်(၈)လုံခြုံရေး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးသန့်ဇင်ဦး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ၂၁ ရာစု ပင်လုံကို ဇူလိုင် ၁၁ ရက်ကစ၍ ငါးရက်ကျင်းပရန် လျာထား

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ မပြေလည် ၍ လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ၂၁ ရာစု ပင်လုံတတိယအစည်း အဝေးကို ဇူလိုင် ၁၁ ရက်ကစ၍ ငါးရက်ကြာ ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် လျာထားသတ်မှတ်ခဲ့သည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပါတီအလံသစ် လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှင့်ထူထားသော ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား လွှင့်ထူခဲ့ကြသည်။ အဆိုပါအလံသစ်တင်ပွဲသို့ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ဦးစန်းငွေ(လူငယ်တာဝန်ခံ)၊ စစ်တွေခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး၊ စစ်တွေမြို့နယ်အတွင်းရေးမှူး ဒေါ်အေးမာခင်နှင့် ပြည်နယ်ပါတီရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်း​ဒေသကြီး ပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး မြို့နယ်​ပါတီဥက္ကဌမှ ပါတီဌာနချုပ်​တွင်​ တက်​​ရောက်​ခဲ့သည့် နိုင်င်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြ သင်​တန်းအမှတ်​စဉ်​ (၄) သင်​တန်းအ​တွေ့အကြုံများ၊ အ​ကောင်​အထည်​​ဖော်​​ဆောင်ရွက်​ရမည့် လုပ်ငန်းစဉ်​များအား ရှင်းလင်းခဲ့ပြီး ‌အတွင်း​ရေးမှူးမှ ကွင်းဆင်း​ဆောင်​ရွက်​မှု‌လုပ်​ငန်းအ​တွေ့အကြုံများနှင့် စည်းရုံး​ရေးဆိုင်​ရာများ၊ တက်​​ရောက်​လာသူများမှ မိမိတို့‌နယ်​​မြေအလိုက်​ စည်းရုံး​ဆောင်​ရွက်​မှုနှင့် ​ဒေသခံပြည်​သူများ၏အသံများနှင့် အကြံပြုချက်​များ​အား ရှင်းလင်း​ဆွေး​နွေးခြင်း​တို့ ​ဆောင်​ရွက်​ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချူပ်​အမှာစကား​ပြောကြားကာ ၁၁း ၅၀ နာရီတွင်​ ပြီး​မြောက်​ခဲ့ပါသည်​ ။