သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လူငယ်ခေါင်းများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်းမှ ပါတီဌာနချုပ်နှင့် ပြည်နယ်ပါတီ၏ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။