ရေနံချောင်း၊ သြဂုတ်၊ ၉
ရေနံချောင်း၊ သြဂုတ်၊ ၉
ဘီးလင်း၊သြဂုတ် ၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရွှေလှေကျေးရွာအုပ်စုနှင့်ကျောင်းရွာကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသောလမ်း သွားလာမှုများအတွက် အခက်အခဲများဖြစ်နေသဖြင့် လမ်းအားပြန်လည်ပြုပြင်နိုင်ရန်အတွက် မွန်ပြည်နယ် ပြည်နယ်ကော်မတီဝင် ဒေါက်တာခင်မောင်သွင်မှ လိုအပ်သည်နေရာများ အသုံးပြုနိုင်ရန်အတွက် အလှူငွေ (၅၀၀၀၀) ကျပ်အား ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ရွှေလှေကျေးရွာအုပ်ချူပ်ရေးမှူးဖလား ဘော်လုံးပြိုင်ပွဲကျင်းပရာတွင် လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် အလှူငွေ (၄၀၀၀၀) ကျပ်အား လှူဒါန်းခဲ့ကြောင်သိရသည်။
ယင်းနောက် ယနေ့ (၅) ရက်မြောက်နေ့ ဘီးလင်းမြို့နယ်အတွင်း၌ ရေကြီးမှုများကြောင့် ရေတွင်းများတွင် ရေညစ်များအား စုပ်ထုပ်နေမှုအခြေနေများအား သွားရောက်ကြည့်ရှု၍ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်သိရှိရသည်။
ဆိပ်ဖြူမြို့နယ် ကျွန်းမကြီးကျေးရွာ အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်းတွင် ကျင်းပရာ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာမှအကြီးအကဲများ၊ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျောင်းသားကျေားသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပါသည်။
ရန်ကုန် သြဂုတ် ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်များအား သြဂုတ် (၈) ရက်နေ့က ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေကြီးနစ်မြုပ်လျှက်ရှိသည့် လမုခိုကျေးရွာ၊ အောင်ဗလကုန်းကျေးရွာ မရင်းကုန်းကျေးရွာ ရေပူကော့စပ်ကျေးရွာများသို့ သွားရောက်ကာ တစ်အိမ်ထောင်လျှင်- (ဆန်(၂) ပြီ/ဆီတစ်ပုလင်း/ မာမားခေါက်ဆွဲ (၅) ထုပ်/ငါးသေတ္တာ (၂) ဗူး) နှုန်းဖြင့် အိမ်ထောင်စု (၃၃၈) စုအား သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြသိရသည်။
အဆိုပါပေးလှူရာသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးစောအောင်ကျော်သိန်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကျေးဥက္ကဋ္ဌတို့မှ ပါတီဌာနချုပ်ကိုယ်စား သွားရောက် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မအူပင် သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ဖွဲ့စည်း တည်ထောင်ထားသော မအူပင် တက္ကသိုလ်ကြိုပို့ ရွှေသမင်သုံးဘီး ယာဉ် အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေး နွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီ ခွဲတွင် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းမာပင် သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ယင်းမာပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ဆက်ဆံ ရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်း အနားသို့ ယင်းမာပင် ခရိုင်ဥက္ကဋ္ဌ ဦးသောင်းဟန်နှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးကျော် မြင့်သိန်းနှင့် မြို့နယ်ကော်မတီဝင် များ၊ သင်တန်းသူ သင်တန်းသား အပါအဝင် စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြသည်။
မအူပင် သြဂုတ် ၈
ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီတို့ ပူး ပေါင်းလျက် ရေနုတ်မြောင်းတူး ဖော်ပြီး တာပေါင်ဖြစ်ရေးအတွက် ဘက်ဟိုးစက်ဖြင့်တူးဖော်ရန် ဒေ သခံ ပြည်သူများနှင့်တွေ့ဆုံပွဲအား ယနေ့ နံနက် ၁၁နာရီခွဲမှစတင်၍ မအူပင်မြို့နယ် ကညင်ဝကျေးရွာ အုပ်စုအုန်းပင်စုကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။