နေပြည်တော် သြဂုတ် ၉
နေပြည်တော် ဥတ္တရသီရိမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့ နယ်နှင့်ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပခဲ့သည်။
နေပြည်တော် သြဂုတ် ၉
နေပြည်တော် ဥတ္တရသီရိမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့ နယ်နှင့်ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပခဲ့သည်။
ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံများတွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်း သိရ သည်။
နေပြည်တော် သြဂုတ် ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်သည် သြစ တြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA) အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိ Ms. Susannah Patton အားယနေ့ မွန်းလွဲ၂နာရီခွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
၉-၈-၂၀၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးနှင့် အလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုကော်မတီဝင်ဦးမင်းမင်းဇေယျာမြင့်| တိုင်းပါတီကော်မတီဝင် တမူးခရိုင်တာဝန်ခံဦးခင်မောင်သန်း၊တိုင်းပါတီကော်မတီဝင်ဦးသန်းဝင်းထွန်း ၊ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေး၊ တမူးခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့် ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် ကော်မတီဝင်များ|သက်ဆိုင်ရာကျေးရွာပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များလိုက်ပါ၍ အင်ဒိုင်းကျေးရွာဆရာတော်နှင့် ၀ိတုတ်ကျေးရွာဆရာတော်တို့အား သွားရောက်ဖူးမျှော်ကြည်ညိုကာ ၀ါဆိုသင်္ကန်းနှင့်အလှူငွေများ| ဓမ္မစကူးလ်ကျောင်းသူ/သားတို့၏ အဟာရဒါနအတွက်အလှူငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးအတွက် မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကုလသမဂ္ဂ လက်အောက်ခံ UNHCR ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ UNDP ကုလဖွံ့ဖြိုးရေးအစီအစဉ်တို့က မြန်မာအစိုးရအနေနဲ့ လုပ်ငန်းတွေ ထင်သာ မြင်သာ တိုးတက်မှုရှိအောင် ဆောင်ရွက်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ချောက်ကန် ကျေးရွာ က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြည်သူ့စကားဝိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မနက်ဖြန် သြဂုတ်လ ၉ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်မယ့် အဲဒီစကားဝိုင်းကို နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ Information Committee ဖေ့ဘွတ်လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းနှစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ ကုလ သမဂ္ဂ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးပါလို့ ထုတ်ဖော် တောင်းဆိုလိုက်ပါတယ်။ ဒီလိုသွားလာခွင့် ရမှသာ လွန်ခဲ့တဲ့ ၂ လကျော်က လက်မှတ်ရေးထိုး ခဲ့တဲ့ နားလည်မှု စာခွန်လွှာ မှာ ပါဝင်တဲ့ အတိုင်း လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR တို့က သြဂုတ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။
ကျိုက်ထို သြဂုတ် -၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရေဘေးတွင် ပြည်သူများအား ကယ်တင်ရင်း အသက်ပေးလှူခဲ့ရသော တပ်မတော်သား (၃) ဦးအတွက် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးလျှင် အလှူငွေ( ၂ ) သိန်း စုစုပေါင်း ငွေကျပ် (၆) သိန်းအား သြဂုတ်လ ၈ ရက်နေ့ ၊ နံနက် ၉ နာရီချိန်တွင် ခမရ (၂) တပ်ရင်းသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဌေးလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦးနှင့် မြို့နယ်ကော်မတီဝင်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ရေနံချောင်း၊ သြဂုတ်၊ ၉