ရှားတော၊ သြဂုတ် ၁၃
ရှားတော၊ သြဂုတ် ၁၃
ချောင်းဦး ၊ သြဂုတ် ၁၄
ရပ်စောက် သြဂုတ် ၁၃
ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသော(၂ဝ၁၇-၂ဝ၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများ အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်မြင့်တို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး စလင်းပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌဦးခင် မောင်၊ အတွင်းရေးမှူးဦးဇော်နိုင်နှင့်ကော်မတီဝင်များသည် ယနေ့ နံနက်ပိုင်းက ပေါင်းပင်းဇင်းရပ် ဓမ္မသုခဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ဗုဒ္ဓအဆုံးအမများ သင်ယူနိုင်ရန် အတွက် ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း သန့်ရှင်းရေးများပြုလုပ်၍ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
နွယ်နီနိုင်(ချောက်)
ပဲခူး သြဂုတ် ၁၃
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းတွဲဖက်တာ ဝန်ခံ ဦးလှသိန်းသည် တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးညီညီမြင့်၊ ပဲခူးခရိုင်ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဝေါမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးမောင်ယု၊အတွင်း ရေးမှူး ဦးသက်တိုးဝင်းတို့နှင့်အတူ ဝေါမြို့နယ် မြစ်ကျိုး-ဆင်ရွာကျေး ရွာသို့သွားရောက်ပြီး စစ်တောင်း မြစ်ရေတိုက်စားမှုကြောင့် ပျက်စီး သွားသော မြစ်ကျိုး-ဆင်ရွာသွား လမ်းအား ပြန်လည်ပြုပြင်ရန် အတွက်ယမန်နေ့နံနက်ပိုင်းကအလှူ ငွေကျပ်သိန်း ၃ဝ ကို ကျောင်းထိုင် ဆရာတော်အား အမှူးထားပြီး လမ်းကော်မတီထံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ပဲခူး သြဂုတ် ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဦးသက်ထွန်းတို့သည် တိုင်းဒေသကြီးအတွင်းရေးမှူးဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တောင်ငူခရိုင်အတွင်းရေးမှူးဦးလှဆွေ၊ ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် မြို့နယ်ကော် မတီများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်သံကွင်းအုပ်စု သပြေကုန်း ကျေးရွာနှင့်ရေလဲကျေးရွာအုပ်စု ရေလဲကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၄၅ဝ ကျော်တို့အား ငါးသေတ္တာ၊ ဆီ၊ ရေသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆပ်ပြာမှုန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များအား သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
စလင်း သြဂုတ် ၁၃
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းခိုင်၊ ဦးတိုးတိုး၊ ဦးနိုင်ထူး၊ ဦးချမ်းတို့သည် ယနေ့ နံနက် ၁ဝနာရီက တောစိမ့်အုပ်စု လက်ပန်ကန်ကျေးရွာသို့ သွားရောက်၍ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းရွှေနှင့် ပါတီကော်မတီဝင်များအားတွေ့ဆုံ၍ ပါတီအောင်နိုင်ရေးနှင့် ရပ်ရွာစီးပွားရေး အခြေအနေများ၊ ပါတီဝင် တိုးတက်ရရှိမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြိတ် သြဂုတ် ၁၃
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုး မြင့်၊အတွင်းရေးမှူးဦးကိုကိုကြီးနှင့် နယ်မြေတာဝန်ခံကော်မတီဝင်များ လိုက်ပါသောအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးရွာ အဏ္ဏဝါရပ်ကွက် စည်းရုံးရေးမှူး နှင့်ပါတီဝင်များအား ကွင်းဆင်း တွေ့ဆုံကာ ပါတီဝင်များစုစည်းဖွဲ့ စည်းခြင်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ဖွင့်လှစ်သည့် အမျိုးသမီးအိမ် တွင်းမှုလက်မှုပညာ ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)မှ သင်တန်းသူ အချို့၏လက်တွေ့လေ့ကျင့် ဆောင်ရွက် မှုကို သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်။
ဝင်းအောင်(မိုးကောင်း)
ရန်ကုန် သြဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါလူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲသို့ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်တိုင်းလူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်လင်းပြုံး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် မြို့နယ်ကော်မတီဝင်များ လူငယ်ရေးရာကော်မတီဝင်များ တက်ရောက် ကြသည်။
အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင်ဒေါ်သင်းသင်းမိုးက အမှာစကားပြောကြားပြီး မြို့နယ် လူငယ်ရေးရာတာဝန်ခံ ကိုပြည့်ဖြိုးမောင်က လူငယ်ညီလာခံအတွေ့အကြုံများကို ဖတ်ကြား ရှင်းလင်းခဲ့ကြောင်း သိရသည်။