ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် သြဂုတ် ၁၄

နေပြည်တော်ရှိ ပြည်ထောင်စု နယ်မြေပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဆိုင်းဘုတ်တင်ပွဲများကျင်းပ

 

ကလေး သြဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့နယ်အတွင်းရေး မှူး ဦးနန်ခန်းကျင်၊ မြို့နယ်ပါတီကော်မတီဝင်များသည် ကလေးမြို့ ပေါ်ရပ်ကွက်များဖြစ်သော မြို့လှရပ်ကွက်၊ အင်ဒိုင်းကုန်းတောင်သာ ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်/ရပ်ကွက် ပါတီဥက္ကဋ္ဌများ၏နေအိမ်တွင် ပါတီဆိုင်းဘုတ်များကို ယနေ့ မွန်းလွဲ ၁ နာရီခွဲမှစ၍ ရပ်ကွက်များ အလိုက်ပါတီဝင်များဖြင့် စည်ကားသိုက်မြိုက်စွာစိုက်ထူခဲ့ကြကြောင်း မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြောသည်။

အာဏာမရှိလည်း ပြည်သူ့ဒုက္ခကိုလက်ပိုက်ကြည့်နေမည့်ပါတီမဟုတ်ဘူး ဟုပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် စစ် တောင်းမြစ်ကမ်းနံဘေးရှိ ရေဘေး သင့်ကျေးရွာများအား ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူများက နေ့စဉ် ထောက်ပံ့ကူညီလှူဒါန်းပေးလျက် ရှိသည်။

ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ပြည်သူနှင့်အတူ တစ်သားတည်းရှိနေပြီး ပြည်သူလူထုဘေးဒုက္ခခံစားနေရမှုအတွက် ပြည်သူ့ထံအရောက်သွားခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသော ပြည်သူများထံသို့ နယ်မြေခံပါတီဝင်များနှင့်အတူ သွားရောက်ကာ ရေဘေးထောက်ပံ့ရေးပစ္စည်းများအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။


လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ ရေ၀င်ရောက်မှုမရှိစေရေး လှိုင်သာယာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယနေ့ ဆောင်ရွက်

 

(၁၄.၈.၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ ဒီရေမြင့်တက် ၀င်ရောက်မှုဒဏ်မှ ကာကွယ်ရန် ကစင်ကမ်းပတ်တာအား သဲအိတ်ဖို့ကာကွယ်ခြင်းကို မြို့နယ်ပါတီဥက္ကဌ ဦးဇေယျာအောင်နှင့်မြို့နယ်ကော်မတီဝင်များ ဦးဆောင်သည့်ပါတီဝင်များမှ ဆာင်ရွက်ခဲ့ကြပါသည်။

မေတ္တာ သူ


ပြည်နယ်ပါတီ နှင့် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ဒီးမောဆို – သြဂုတ် ၁၄

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အပတ်စဉ် ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်

 

ရန်ကုန်၊ သြဂုတ် ၁၃

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါမှ မြို့နယ်ပါတီကော်မတီနှင့် ရပ်ကွက်ပါတီဥက္ကဌများနှင့် လူငယ်တာဝန်ခံများ၊ အမျိုးသမီးတာဝန်ခံများ၊ အပတ်စဉ် ပုံမှန်အစည်းအဝေးအား ယမန်နေ့ညနေ (၃) နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအား မြို့နယ်ပါတီအတွင်းရေးမှုး ဦးဝင်းကြိုင်မှ ဦးဆောင်ကျင်းပပြီး ပါတီရှေ့လုပ်ငန်းစဉ်များအား တက်ရောက်လာသူများအား လမ်းညွန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ရေးရာတာဝန်ခံများမှ ရေးရာအလိုက်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ရပ်ကွက်ပါတီဥက္ကဌများမှ သိရှိလိုတာများ မေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးမှုအား မြို့နယ်အတွင်းရေးမှုးမှ ပြန်လည်ဖြေကြားပြီး အစည်းအဝေးအား ညနေ ၄နာရီခွဲတွင် ပြီးမြောက်ခဲ့ပါသည်။

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်တာဝန်ခံနှင့် တွေ့ ဆုံပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် လူငယ်ရေးရာတာဝန်ခံ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် ကချင်ပြည်နယ် ပါတီကော်မတီဝင်များ၊ ခရိုင် / မြို့နယ်ကော်မတီဝင်များ တွေ့ ဆုံပွဲကို ယနေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့ကချင်ပြည်နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့ဆက် ဆောင်ရွင်ရမည့်ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသိရသည်။

USDP Kachin state .

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရှားတောမြို့နယ်ပါတီတို့ ဒေါလဲဒူရွာ ပါတီဝင်များ နှင့်တွေ့ဆုံခြင်း

 

ရှားတော – သြဂုတ် ၁၃