တိုင်းဒေသကြီးပါတီအတွင်းရေးမှူး နတ်မောက်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

နတ်မောက် စက်တင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် များဖြစ်သည့် မကွေးတိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် မကွေးတိုင်း ဒေသကြီးကော်မတီဝင်နတ်မောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးအောင်ချိန်၊ မကွေးခရိုင် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်တို့ သည် ယနေ့ နံနက် ၁ဝ နာရီကစ၍ နတ်မောက် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ရပ်/ကျေးအုပ်စု ၈ဝ မှ ပါတီ ဥက္ကဋ္ဌများ ပါတီကော်မတီဝင်များ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို သပိတ်ကျင်းမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး တက်ရောက်အားပေး

 

သပိတ်ကျင်း၊ စက်တင်ဘာ(၄)

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

မြောက်ဥက္ကလာပမြို့နယ်ပြည် ခိုင်ဖြိုးပါတီ မိုးရာသီသွေးလွန် တုပ်ကွေးကာကွယ်ရေး အမက (၆)တွင်ဆောင် ရွက်

 

ရန်ကုန် စက်တင်ဘာ ၃

မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊(ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်မိုး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊မြို့နယ်၊ရပ်ကွက်လူငယ်များ၊ အမျိုး သမီးတာဝန်ခံများစုပေါင်း၍ အင်အား၄၅ဦးက ယနေ့နံနက်၈နာရီ မှစတင်၍ (ဂ)ရပ်ကွက် အမက(၆) စာသင်ကျောင်းအတွင်းအပြင် ခြင်ဆေးဖျန်းခြင်း၊ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ချုံနွယ် ပိတ်ပေါင်းများ၊ အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြသည်။

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ တောင်ငူခရိုင်ရှိရေဘေးသင့်ပြည်သူများအား စားစရာ လူသုံးကုန်နှင့် အဝတ်အထည်များသွားရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၃

ပါတီဗဟိုအတိုင်ပင်ခံ ရှမ်းမြောက်နယ်မြေတာဝန်ခံ မိဘမဲ့ဂေဟာကျောင်းရှစ်ကျောင်းသို့အလှူငွေများလှူဒါန်း

 

လားရှိုး စက်တင်ဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတိုင်ပင်ခံ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေ တာဝန်ခံ ဦးအောင်သန်းထွဋ်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ရှိ မိဘမဲ့ဂေဟာရှစ်ကျောင်းသို့ အလှူငွေများ သွားရောက်လှူဒါန်းကြောင်း သိရသည်။


ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်များ အနောက်ပိုင်းခရိုင်လှိုင်မြို့နယ်တွင် သင်ထောက်ကူပစ္စည်းများလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၃

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် ရန်ကုန်တိုင်း ဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊အရန်ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးစံကျော်တို့က လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ သား သမီးများကို ဗလာစာအုပ် ၂၅၆ ဒါဇင်၊ခဲတံ၃၂၈ချောင်းဘောလ်ပင် အချောင်း ၆၃ဝတို့ကို လာရောက် လှူဒါန်းသည်။