ထီးချိုင့် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲများကို ယမန်နေ့နံနက်ပိုင်းက ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပါတီဆိုင်းဘုတ်များ စိုက်ထူရာတွင် ကသာခရိုင် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ထီးချိုင့်မြို့နယ် တာဝန်ခံ ဦးစိုးစိုး၊ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့်ကော်မတီဝင်များလိုက်ပါလျက် ယနေ့နံနက် ၈နာရီက အမှတ်(၄)ရပ်ကွက် ဦးတင်ထွန်းနေအိမ်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍စိုက်ထူကာ နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။