မြိတ် စက်တင်ဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံ ခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်န့နံနက် ၇ နာရီတွင် မြိတ်မြို့ ကလွင်ကျေးရွာရှိ ”ဆံတော်ရှင်ပေါ်တော်မူရှေးဟောင်းစေတီတော်” မြတ် ကြီးရှိရာသို့ သွားရောက်ခဲ့ကြပြီး စေတီတော်ဘုရားပရိဝုဏ်ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။


