
မုံရွာ၊ စက်တင်ဘာ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သုံးရက်ကြာ သင်ကြားပို့ချပေးသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မုံရွာခရိုင် မုံရွာမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲကို ယခုလ ၁၈ ရက်က ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်တကွ တိုင်းဒေသကြီး ပါတီကော်မတီဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် သင်တန်းကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။


