ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန် စက်တင်ဘာ ၂၃
မြိတ် စက်တင်ဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံ ခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်န့နံနက် ၇ နာရီတွင် မြိတ်မြို့ ကလွင်ကျေးရွာရှိ ”ဆံတော်ရှင်ပေါ်တော်မူရှေးဟောင်းစေတီတော်” မြတ် ကြီးရှိရာသို့ သွားရောက်ခဲ့ကြပြီး စေတီတော်ဘုရားပရိဝုဏ်ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန် စက်တင်ဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအမျိုးသမီး ညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် မြို့နယ် ကော်မတီဝင်များက ကြုံကြိတ်ကျေးရွာ ဂန္တဝါစကပဏ္ဍိတ ကျောင်းတိုက်ဓမ္မစကူးလ်သို့ ယမန်နေ့နံနက် ၉ နာရီက အာဟာရ ဒါန ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကော့ကရိတ် စက်တင်ဘာ ၂၃
ကော့ကရိတ်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခန်းမ၌ ယမန်နေ့ နံနက် ၁ဝနာရီက ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပရာ အခမ်း အနားသို့ ပြည်နယ်ပါတီကော်မတီဝင် (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်စန္ဒာဦး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းဝင်း၊ ခရိုင် အတွင်းရေးမှူးနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဋ္ဌများနှင့် အမျိုးသမီးရေးရာပါတီဝင်များ စုစုပေါင်း အင်အား ၇ဝ ကျော် တက်ရောက်ခဲ့ကြ သည်။
ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။
ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏လမ်းညွှန်မှုဖြင့် ဗဟိုအမျိုးသမီးညီလာခံ အကြို ထောက်ခံကြိုဆိုလုပ်အားပေးပွဲကို ယမန်နေ့နံနက်၈နာရီမှ စတင်၍ မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် အလက(၁)စာသင်ကျောင်းအတွင်း အပြင် ချုံနွယ်ပိတ်ပေါင်းများရှင်း ခြင်း၊အမှိုက်များရှင်းလင်းခြင်း၊ ကျောင်း ဘေးပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ခြင်း၊သွေး လွန်တုပ်ကွေးကာကွယ်ရေး၊ခြင်ဆေး ဖျန်းဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြကြောင်းသိရသည်။
မိုးကုတ်၊ စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊မိုးကုတ်မြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ယမန်နေ့နံနက်၁၁နာ ရီ၃၀မိနစ်ခန့်က မိုးကုတ်မြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သော ဖောင်တော်ဦးဘုရားနှင့်ချမ်းသာကြီးဘုရား တို့အား ဖူးမျှော်ကြည်ညိုကန်တော့၍ ဂေါပကအဖွဲ့များထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် မိုးကုတ်မြို့နယ် ကသဲကျေးရွာအုပ်စု ခြင်္သေ့ရေရပ်ရှိ သီရိမင်္ဂလာ စွမ်မွန်ကျောင်းတိုက်သို့ သွားရောက်၍ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တပဏ္ဏိတအား ဖူးမျှော်ကြည်ညိုကန်တော့ကာ လှူ ဖွယ်ပစ္စည်းနှင့်အလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။
မိုးကုတ်၊ စက်တင်ဘာ ၂၃
မိုးကုတ်မြို့၊ထင်ရှူးခြံရပ်ကွက်၊မဏိရတနာခန်းမတွင် ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်တွင် ကျင်းပသည့် ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦး သန်းဌေး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
မြင်းခြံ စက်တင်ဘာ ၂၂
မြင်းခြံမြို့၊အမှတ်(၁၈)ရပ်ကွက်၊လူထုဟစ်တိုင်ကွင်းတွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်တွင် ကျင်းပသော ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံပွဲတွင် မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှပြောကြားလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို နေပြည်တော်တွင် ယမန်နေ့က လက်ခံတွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေ့းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့တွင် ရန်ကုန်မြို့မှ ရခိုင် ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ကာ မွန်းလွဲတွင် နေပြည်တော် သို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးဟန်က ရှင်းပြသည်။