
တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်သူအချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတားအဆီး တစ်ခုအဖြစ်လွှဲချနေကြသည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောဆိုလိုက်သည်။ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ USDP ပါတီ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ဦးသန်းဌေးက ပြောကြား ခဲ့ခြင်းဖြစ်သည်။


