မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၉
မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၉
ညောင်ဦး အောက်တိုဘာ ၉
ညောင်ဦးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍ အနော်ရထာလမ်းမဘေးရှိ ပြည်ခိုင်ဖြိုးရုံး၌ ယမန်နေ့ နံနက် ၉နာရီက ရပ်/ကျေးပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း ပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။
မော်လိုက် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လိုက်မြို့နယ် မြို့မကျောင်းရှိ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူ ၃၂၄ ဦးအား ယမန်နေ့နံနက် ၁ဝ နာရီခွဲက နေ့လယ်စာအာဟာရဒါနအဖြစ် ထမင်းကျွေးမွေးခဲ့ပြီး ဆောက် လုပ်ဆဲဆွမ်းစားကျောင်းဆောင်သစ် အတွက် အလှူငွေကျပ် ၅ဝဝဝဝ အား လှူဒါန်းခဲ့သည်။
၉.၁၀.၂၀၁၈ ခုနှစ် နံနက် ၉း၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီခန်းမ၌ မြို့နယ်အဆင့် အမျိုးသမီးညီလာခံအကြို နှီနှောဖလှယ်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါအမျိုးသမီးအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်နယ်မှ အမျိုးသမီးတာဝန်ခံနှင့် ဘဏ္ဍာရေးမှူ ၊ ခရိုင်အမျိုးသမီးတာဝန်ခံ ၊ မြို့နယ် ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကျေးဥက္ကဌနှင့်စည်းမှူးများ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားအမျိုးသမီးများ ၊ စုစုပေါင်းအင်အား (၁၇၀) ဦး တက်ရောက်ခဲ့ကြပါသည်။
တောင်တွင်းကြီး၊ အောက်တိုဘာ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ (၂၀၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်သိန်း ဦးဆောင်၍ ကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၅၀ ဦးဖြင့် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်တွင် ဒုတိယအကြိမ် သန့်ရှင်းရေးလုပ်အားဒါန ဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ကုသိုလ်ပြု ဆောင်ရွက်ကြကြောင်း သိရသည်။
စစ်တွေ၊ အောက်တိုဘာ(၈)ရက်
ပေါက်၊ အောက်တိုဘာ၊ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ရှမ်း/ ရှေ့) နယ်မြေတာဝန်ခံဗဟိုကော်မတီဝင် ဦးစိုးနိုင်နှင့် (ရှမ်း/ရှေ့) ဒုတိယဥက္ကဌ ဦးစိုင်းလုံဆိုင်၊ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ (ရှမ်း/ရှေ့) ခရိုင်နှင့်မြို့နယ် (၁၀) မြို့နယ်မှ ခရိုင်ပါတီဥက္ကဌနှင့် အတွင်းရေးမှူး၊ မြို့နယ်ဥက္ကဌနှင့်မြို့နယ်အတွင်းရေးမှူးများသည် ယနေ့ (၉.၁၀.၂၀၁၈) နေ့၌ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားအား စတင်ကျင်းပခဲ့ကြကြောင်း သိရှိရပါသည် ။
တမူး အောက်တိုဘာ ၈
တမူးပြည်ခိုင်ဖြိုးပါတီနှင့် ကိုယ်စားလှယ်လောင်းဦးရိုထန်းပွီး ယာတို့သည် ယမန်နေ့က ခမ်းပါတ် (၂)နှင့်(၁)ရပ်ကွက်ပြည်သူများ နှင့် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲထည့်နည်းစနစ်ကိုရှင်းပြခြင်း၊ ကိုယ်စားလှယ် လောင်းက မိတ်ဆက်စကားပြောကြားခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ မဲဆွယ် စည်းရုံးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း၊ တိုင်းကော်မတီဝင် ဦးမင်းမင်းဇေယျာမြင့်၊ ခရိုင်/မြို့နယ်မှ ပါတီကော်မတီဝင်များလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရ သည်။
တနင်္သာရီ အောက်တိုဘာ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်-တနင်္သာရီမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုဖြင့် ပထမအကြိမ်လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ် ပါတီကော်မတီဝင်များ၊အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၇ဝ တို့သည် ယမန်နေ့ နံနက် ၉ နာရီခွဲက တနင်္သာရီမြို့ ချောင်းရပ်ကွက် ရိပ်သာဘုန်းတော်ကြီးကျောင်းရှိ သဘာဝဘိုးဘွားရိပ်သာတွင် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ၄င်းရိပ်သာအတွင်း ပတ်ဝန်းကျင် တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။