
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပုပ္ပါးမှာကျင်းပမယ့် ထိပ်သီးဆွေးနွေး ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဖွဲ့အစည်းတချို့ကို ချန်ထားမယ်ဆိုရင် ရန်များမယ့်အရေး ဖြစ်တာကြောင့် အားလုံးပါဝင်လာနိုင်ဖို့က UWSA အဖွဲ့ရဲ့ မူဝါဒဖြစ်တယ်လို့ UWSA လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ပြောတာဖြစ်ပါတယ်။
