ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အနောက်ပိုင်းခရိုင် ကမာရွတ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အနောက်ပိုင်းခရိုင် ကမာရွတ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
တနင်္သာရီ အောက်တိုဘာ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီး ညီလာခံကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တနင်္သာမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုဖြင့် ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကော်မတီဝင်များ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့်ပါတီဝင် ထုများ စုစုပေါင်းအင်အား ၇ဝ တို့သည် ယမန်နေ့ နံနက် ၉နာရီက ရိပ်သာဘုန်းတော်ကြီးကျောင်းရှိ သဘာဝဘိုးဘွားရိပ်သာပတ်ဝန်း ကျင်၌ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လေးမျက်နှာ အောက်တိုဘာ ၇
လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုထောက်ခံသောအား ဖြင့် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသမီးရေးရာ ကော်မတီတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လေးမျက်နှာမြို့နယ် လက်/မြန်မာအုပ်စု နှမ်းကုန်းကျေးရွာ ဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပခဲ့သည်။
နောင်ချို အောက်တိုဘာ ၇
နောင်ချိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီက ဗဟို အမျိုးသမီးညီလာခံ အကြိုနှီးနှော ဖလှယ်ပွဲကျင်းပရာ ပြည်နယ်ပြည် ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးခင် မောင်ချို၊ ခရိုင်ပြည်ခိုင်ဖြိုးမှ ခရိုင်အတွင်းရေး မှူးဦးသန်းထိုက် ဇော်၊ တာဝန်ရှိ ကော်မတီဝင် ဦးအောင်ဝင်းလေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန်ကြီးနှင့် အတွင်းရေးမှူး ဦးကျော်မြင့်နိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌများ၊ ရပ်ကျေးအသီး သီးမှ ပါတီဝင်အမျိုးသမီးများ စုစု ပေါင်းအင်အား ၂၂၃ ဦးတက် ရောက်ကြသည်၊။
မကွေး အောက်တိုဘာ ၇
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊အတွင်း ရေးမှူး ဦးတင်မျိုးဇော်နှင့်မြို့နယ်ကော်မတီဝင် ဦးဝင်းနိုင်၊ ဦးတင်ဌေး အောင်၊ ဦးဝင်းမောင်၊ ဦးဝင်းခိုင်တို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မိကျောင်းရဲကျေးရွာရှိ ပါတီဝင်များနှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး လမ်းပြုပြင်မှုအတွက် လိုအပ်နေသော ဘိလပ်မြေအိတ် ၁ဝ လုံး၊ လုပ်အား ဒါနပြုနေသော ပါတီဝင်များအတွက် ပါတီတံဆိပ်ပါ အင်္ကျီအထည် ၂၅ ထည်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသော ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးခင် မောင်တင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ အမျိုးသမီးအဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဘားအံ အောက်တိုဘာ ၇
ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါန ခန်းမတွင်ကျင်းပသော ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က နိုင်ငံ တော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ သည်။ ထို့နောက် သဘာပတိ အဖြစ် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်က အမှာစကားပြော ကြားခဲ့သည်။
မိုးမောက်၊ အောက်တိုဘာ ၎
၂၀၁၈၊ အောက်တိုဘာလ ၄ ရက်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးလွင်မင်းသိန်း၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာ (၄) ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု ကြက်တက်ညောင်ပင်ကျေးရွာ ဦးထွန်းဇော်ဦး နေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ် နယ်မြေ ( ၂ ) (ဇ) ရပ်ကွက် ရှမ်းတိုင်းရင်းသား အောင်နိုင်ရေးအတွက် ဆိုင်းဘုတ်တင်ပွဲအား အောက်တိုဘာ (၄) ရက်နေ့နံနက် ၉ နာရီချိန်တွင် ၆၂ လမ်း စံပြ လမ်းနှင့် မင်္ဂလာလမ်းကြားတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းပါတီကော်မတီဝင် ခရိုင်တွဲဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ ခရိုင်နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ညိမ်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုး ခိုင်၊ ဦးစံရ(ဘဏ္ဍာရေးမှူး) နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများ ကော်မတီဝင်များ စုစုပေါင်း အင်အား ၄၀ ဦးခန့် တက်ရောက်ဆောင်ရွက်ခဲ့ကြပါသည် ။