သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှဝ်ပွဲကျင်းပ

 

သံတွဲမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ အမျိုးသမီးညီလာခံ အကြိုနှီး​နှောဖလှယ်​ပွဲကို ၁၇.၁၀.၂၀၁၈ ရက်နေ့နံနက် ​(၉း၀၀) အချိန်တွင်​ ခရိုင်ပါတီရုံးခန်းမ၌ကျင်းပခဲ့ပါသည်​။
အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်ဦးတင်မောင်သန်း, ခရိုင်ဥက္ကဌဦးကျော်ဇင့်နှင့်ကော်မတီဝင်များ, မြို့နယ်ဥက္ကဌဦးစန်းနိုင်နှင့်ကော်မတီဝင်များ, ရပ်/ကျေးပါတီဥက္ကဌများ, အမျိုးသမီးပါတီဝင်များ, ရပ်မိ/ရပ်ဖများ, ကြက်ခြေနီတပ်ဖွဲ့ဝင်များ, အမျိုးသမီးရောရာအဖွဲ့ဝင်များနှင့်လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား (၁၄၀) ဦးတက်ရောက်ကာ
အခမ်းအနားပထမပိုင်းကိုသဘာပတိအဖွဲ့​နေရာယူပြီးနိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းသီဆိုဖွင့်​လှစ်​ခဲ့ပါသည်​၊ထို့​နောက်​ပြည်​နယ်​​ကော်​မတီဝင်​ဦးတင်မောင်သန်းကအဖွင့်​အမှာစကား​ပြောကြားပြီးခရိုင်​ဥက္ကဌဦး​ကျော်​ဇင်​မှမိတ်​ဆက်​အမှာစကားဆက်​လက်​​ပြောကြားခဲ့ပါသည်​။
ယင်း​နောက် ​မြို့နယ်​ပါတီဥက္ကဌက နှီး​နှောဖလှယ်​ပွဲကျင်းပရသည့်​ရည်​ရွယ်​ချက်​အ​သေးစိတ်​ကိုရှင်းလင်း​ပြောကြားကာ တက်​​ရောက်​လာကြ​သောရပ်​​ကျေးအမျိုးသမီးကိုယ်​စားလှယ်​များမှအစုအဖွဲ့(၄)ဖွဲ့ဖြင့်​စာတမ်းများများပြုစုခဲ့ပါသည်​။ပြီး​နောက်​ညီလာခံသို့တက်​​ရောက်​လာကြ​သောကိုယ်​စားလှယ်​များနှင့်​ပါတီအဆင့်ဆင့်​မှတာဝန်​ရှိပုဂ္ဂိုလ်​များ၊ရပ်/ကျေး​ခေါင်း​ဆောင်များကိုနံနက်​စာဖြင့်​ဧည့်​ခံ​ကျွေး​မွေးခဲ့ပါသည်​။
အခမ်းအနားဒုတိယပိုင်းကိုသဘာပတိအဖွဲ့ပြန်​လည်​​နေရာယူပြီး​နောက်​အစုအဖွဲ့များမှရရှိလာ​သောစာတမ်းများဖြစ်​သည့်​အမျိုးသမီးများနှင့်​နိုင်​ငံ​ရေးအခန်းဂဏ္ဍမြင့်​တင်​​ရေးစာတမ်းကို​ မဟန်နီလွင်(အံတော်ရွာ)၊
အမျိုးသမီးများ၏ငြိမ်းချမ်း​သာယာမှုနှင့်​လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​​ရေးစာတမ်းကို မခိုင်အိစံ(အံတော်ရွာ)၊အမျိုးသမီးထုအတွင်းအမျိုးဂုဏ်​၊ဇာတိဂုဏ်​ထိန်းသိမ်း​ရေး၊အမျိုးသမီးများ၏အခွင့်​အ​ရေးများကိုရိုးရာယဉ်​​ကျေးမှုဓ​လေ့ထုံးစံနှင့်​အညီအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ရေစာတမ်းကို မမခင်ပြုံးရီ(တုံးတောရွာ)နှင့်​အမျိုးသမီးပါတီဝင်​သစ်​များစု​ဆောင်း​ရေးနှင့်​၂၀၂၀ပြည့်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအတွက်​ပါတီဝင်​အမျိုးသမီးများအားစဉ်​ဆက်​မပြတ်​​လေ့ကျင့်​ပျိုး​ထောင်​​ရေးစာတမ်းကို မခင်မာချို(ငပန်ရွာ)တို့မှဖတ်​ကြားတင်​သွင်းခဲ့ကြပါသည်​။
ထို့​နောက်​အမျိုးသမီးနှီး​နောဖလှယ်​ပွဲမှ​တွေ့ရှိချက်​များ၊မှတ်​တမ်းတင်​ခြင်း​နှင့်​​ရှေ့လုပ်​ငန်းစဉ်​များကို ​မော်ရုံကျေးရွာမှ (မချယ်ရီငြိမ်း)ကတင်​သွင်းခဲ့ပြီးအမျိုးသမီး​ရေးရာတာဝန်​ခံသဘာပတိ​ဒေါ်သန်းသန်းဌေးမှမှတ်​တမ်းတင်​ခြင်း၊အတည်​ပြုခြင်း​ရှေ့လုပ်​ငန်းစဉ်​များအ​ကာင်​အထည်​​ဖော်​ရန်​ဆုံးဖြတ်​ပြီး​နောက်​မျြို့နယ်​ပါတီဥက္ကဌဦး​စန်းနိုင်ကနိဂုံးချုပ်​အမှာစကား​ပြောကြား၍အမျိုးသမီးလူငယ်​အဖွဲ့မှပြည်​ခိုင်​ဖြိုး..​ဟေ.​တေးသီချင်းဖြင့်​သံပြိုင်​သီဆို၍အခမ်းအနားကို​နေ့လည်​၂း၀၀အချိန်​တွင်​​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပါသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိတ္ထီလာ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲမှ ၁၁နာရီခွဲ အထိလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြသည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗုဒ္ဓကျေးဇူးပရဟိတကျောင်းတိုက်၌ ဆွမ်းလှူဒါန်း

 

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ(၁၇.၁၀.၂၀၁၈)နေ့တွင် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ဗုဒ္ဓကျေးဇူးပရဟိတစာသင်တိုက်၌ ဆွမ်းလှူဒါန်းမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါလှူဒါန်းမှုတွင် ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်ဥတ္တမသီရိနှင့် သံဃာတော်များအား
န၀ကမ္မအလှူငွေနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုဒ်သီလဆောက်တည်သူများနှင့် စာသင်တိုက်မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ(၃၁)ဦးတို့အား ဆွမ်းကျွေးမွေးလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
လှူဒါန်းရာသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)နှင့် စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုးတို့မှ တက်ရောက်ကာ ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ပြီး စစ်တွေခရိုင်ဘဏ္ဍာရေးမှူး ဦးစောသိန်းထွန်း၊ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား(၃၀)ဦးတို့မှ ပါဝင်လှူဒါန်းခဲ့ကြသည်။

ဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုသောအားဖြင့် ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကုသိနာရုံတောင်တော်မြတ်တွင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး

 

ကျောက်ကြီး အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး တောင် ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာနှင့် လူ ငယ်ရေးရာအလိုက် တာဝန်ခံများ နှင့် မြို့နယ်ကော်မတီဝင်များအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်း ဦး ဆောင်၍ ပါတီဝင်အင်အား ၃ဝ ကျော်ဖြင့် ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျောက်ကြီးမြို့နယ် ကုသိနာရုံ တောင်တော်မြတ်ပတ်ဝန်းကျင်သန့် ရှင်းသာယာရေးအတွက် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိစုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည် အုန်းဒန်းအလည်ကျေးရွာတွင်မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မိုးကုတ် အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် အုန်း ဒန်းအလည်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်သည် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်အတွက် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်များ နှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ များ ဟောပြောခဲ့သည်။

နိုင်ငံထူထောင်ဖို့ အခြေခံကောင်းများ ချမှတ်ထားပြီးဖြစ်တဲ့အတွက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမဲ့ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးအပ်ရန်သာ အဓိက အရေးကြီးသည်ဟု ဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ရှိပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြား

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြု လွှာစုပေါင်းပေးအပ်ပွဲကိုအခမ်းအနားကို အောက်တိုဘာလ ၁၇ရက်နေ့ နံနက်၈နာရီ အချိန်တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ပြု လုပ်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ လေးပြုပြီး နောက် နိုင်ငံတော်သီးချင်းကိုသံပြိုင်သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။

လေယာဉ် မတော်တဆ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရှိခဲ့သော ကလေးငယ် နေအိမ်သို့ ပါတီဒုတိယ ဥက္ကဌ ဦးမြတ်ဟိန်းမှ သွားရောက် အားပေး

 

မင်းဘူး၊ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး ၊မင်းဘူး(စကု) မြို့ တောက်ဘက်ခြမ်းတွင် ယမန်နေ့ကဖြစ်ပေါ်ခဲ့သည့် ရာဥတုရုတ်တရက် ဆိုးရွားမှုကြောင့် စစ်ဘက်သုံးလေယာဉ် နှစ်စင်း ပျက်ကျရသည့် ဖြစ်စဉ်အတွင်း လေယာဉ်အပိုင်းအဆ ထိမှန်၍ အသက်သေဆုံးခဲ့ရသော မသွယ်ဇင်ငြိမ်းနှင့် ခြေထောက် ဒဏ်ရာရှိသွားသော မောင်ဟိန်းထက်အောင် တို့ နေအိမ်များသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်းနှင့် အဖွဲ့တို့ သွားရောက် နှစ်သိမ့်အားပေးခဲ့ကြပါသည်။

ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။

အစီအစဉ်အရ လော်ဝေါ်နှစ်ခြင်းအဖွဲ့ချုပ် ဓမ္မဆရာကောင်စီသဘာပတိ Rev.ဟန်းကောခေါင်ဇောင်း မှအစီအစဉ်ဆက်ကပ်ဆုတောင်းပြီး ဓမ္မသီချင်းအမှတ်စဉ် ၃၄၂ ဖြင့် ဂုဏ်တော်ချီမွမ်းသည်။

ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သို့ ပထမဆုံးအကြိမ် ယနေ့သွားမည်

ကုလသမဂ္ဂအတွင်းရေး မှူး၏အထူးကိုယ်စားလှယ်သည် ကချင်ပြည်နယ်သို့ ယနေ့ (အောက်တိုဘာ ၁၇ ရက်)တွင် သွားရောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာ နဒုဝန်ကြီး ဦးစိုးအောင်က ပြောသည်။ ကုလအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှယန်နာဘာဂီနာသည် ရခိုင်ပြည်နယ်သို့ လေးရက် ကြာသွားရောက်ပြီးနောက် ကချင် ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကာ ခရီးစဉ် နှစ်ရက်ခန့်    ကြာမြင့်မည်ဖြစ် ကြောင်း အထက်ပါဒုဝန်ကြီးက ရှင်းပြသည်။

NCA မထိုးရသေးသည့်အဖွဲ့များ လက်မှတ်ထိုးရေး အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ထိပ်သီး ဆွေးနွေးပွဲ တွင် သဘောတူညီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ထိုးရေးဆောင် ရွက်ရာတွင် အစိုးရနှင့် NCA လက်မှတ်ထိုး ပြီးသည့် တိုင်းရင်းသား အဖွဲ့များပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်ထိပ်သီးအစည်းအဝေး၌ သဘောတူညီမှု ရရှိခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့မှ ခေါင်းဆောင် ၁၀ ဦး၏ ထိပ် သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်တွင် ကျင်းပခဲ့သည်။