ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး တမူးမြို့ရှိ စေတီ​တော်​မြတ်​များနှင့် ဆရာတော်သံဃာတော်များအား ဖူး​မျှော်​ကြည်​ညို

 

တမူး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် တမူးခရိုင်​၊ တမူးမြို့နယ်​ရှိ ​ကျွန်း​တော​ရေရှင်​ ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်းမှ ​ကျောင်းထိုင်​ဆရာ​တော်​ ဘဒ္ဒန္တ စန္ဒာဝရ အားလည်းကောင်း၊ ​ဂဏပါ​မောက္ခ​ကျောင်းတိုက်​ ဦးစီးပဓာနနာယက အဂ္ဂ မဟာဂန္ထဝါစကပဏ္ဏိတဘွဲ့တံဆိပ်​​တော်​ရ နိုင်​ငံ​တော်​သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ သက်​​တော်​ရှည်​ဆရာ​တော်​ ဘဒ္ဒန္တပညိန္ဒ အားလည်းကောင်း၊ မြို့မ​ကျောင်းတိုက်​တွင်​ တိုက်​အုပ်​ဆရာ​တော်​ဘဒ္ဒန္တမာနိတသီရိ အမှူးရှိ​သော သံဃာ​တော်​အရှင်​သူမြတ်​ အားလည်းကောင်း၊ က​လေးမြို့နယ်​ထေရဝါဒသာသနာပြုဗဟိုဌာနချုပ် သာသန​ဝေပုလ္လ​အေးပါ​စေ​ကျောင်းဆရာ​တော်​ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တ ဇဝန တို့အား ဖူး​မျှော်​ကြည်​ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူးမျှော်ကြည်ညို

 

ကလေး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီအချိန်တွင် ကလေးခရိုင်​၊ ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူး​မျှော်​ကြည်​ညိုပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ဗဟိုအမျိုးသမီးညီလာခံကိုဂုဏ်ပြုကြိုဆို သက်ကြီးရွယ်အိုများ ဓမ္မစကူးလ်ကျောင်းသားများအား အာဟာရဒါနပြုနှင့်ကိုယ်လက်သန့်စင်မှုများလုပ်ဆောင်ပေး

 

အာက်တိုဘာ ၁၁

ယခုနှစ်ဒီဇင်ဘာလအတွင်း၌ ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင် ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ တောရဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော တောရဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ၂၅ဝ ကို အာဟာရဒါနအဖြစ် အုန်းနို့သာဂူ တိုက် ကျွေးခဲ့သည်။

နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း ဖားကန့်တွင်ဖွင့်လှစ်

 

ဖားကန့် အောက်တိုဘာ ၁၁

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံ ရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက လီဒို လမ်းမကြီးဘေး ပါတီစည်းရုံးရေး နယ်မြေ လဝါးကျေးရွာရှိ ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလဝါးဇော်မိုင်၏ နေအိမ်၌ကျင်းပရာ သဘာပတိ အဖြစ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင် ဖရောင်းဂမ်က အမှာစကားပြော ကြားပြီး မြို့နယ်ပါတီအတွင်းရေး မှူး ဦးထွန်းမြင့်က သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ပို့ချပေးမည့် ဘာသာရပ်များကို အသိပေးရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး စစ်ကိုင်းတိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

တမူး အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အဆင့်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

မင်းလှ၌ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအောင်မြင်စွာကျင်းပ

 

မင်းလှ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲအခမ်းအနားကို မင်းလှပြည်ခိုင် ဖြိုးပါတီ ရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက အစီ အစဉ်သုံးရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရ သည်။

ရှမ်းပြည်​နယ်​​(​မြောက်​ပိုင်း)၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၏ (၂၀၁၈)ခုနှစ်​၊တတိယ(၃)လပတ်​လုပ်​ငန်းညှိနှိုင်းအစည်း အ​ဝေးနှင့်​ ပြည်​နယ်​လူငယ်​လှုပ်​ရှားမှု့​တွေ့ဆုံ​ဆွေး​နွေးပွဲကျင်းပ

ရှမ်းပြည်​နယ်​​(​မြောက်​ပိုင်း)၊ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၏ (၂၀၁၈)ခုနှစ်​၊တတိယ(၃)လပတ်​လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေးနှင့် ပြည်​နယ်​လူငယ်​လှုပ်​ရှားမှု့ ​တွေ့ဆုံ​ဆွေး​နွေးပွဲကို
ယ​နေ့(၁၁.၉.၂၀၁၈)​တွင်​ အစည်းအ​ဝေးဒုတိယ​နေ့အဖြစ်​ ပြည်​နယ်​ပြည်​ခိုင်​ဖြိုးပါတီ အစည်းအ​ဝေးခန်းမ၌ ဆက်​လက်​ကျင်းပရာ အစည်းအ​ဝေးသို့ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ဝင်​၊လူမှု​ရေးဝန်​ကြီး
ဒေါက်​တာမျိုးထွန်းတက်​​ရောက်​ပြီး ခရိုင်​/မြို့နယ်​များမှ တင်​ပြချက်​များအား၊ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ဝင်​၊လူမှု့​ရေးဝန်​ကြီး၊​ဒေါက်​တာမျိုးထွန်းနှင့် အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ကျော်​နီနိုင်​တို့မှ ပြန်​လည်​ရှင်းလင်း​ ဆွေး​နွေးခဲ့ကြပါသည်​။


ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင်​ဖွံ့ဖြိုး​ရေးပါတီ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့် ပိ​တောက်​ခင်​​ကျေးရွာ ပြည်​သူများနှင့်​တွေ့ဆုံပွဲသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့်ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတို့ လာ​ရောက်​အားဖြည့်

 

တမူးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

အောက်​တိုဘာ ၁၁၊ တမူး

စစ်ကိုင်းတိုင်း​ဒေသကြီး၊ တမူးခရိုင်​၊ တမူးမြို့နယ်​၊ ခမ်းပါတ်​မြို့တွင်​ တမူးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ကြားဖြတ်​​ ရွေး​ကောက်​ပွဲ​​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ ပြည်​သူလူထုနှင့်​​တွေ့ဆုံပွဲအခမ်းအနားအား ယ​နေ့နံနက်​(၁၀)နာရီကကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​​ဌေး တက်​​ရောက်​အား​ပေးချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ တမူးမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂)တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးရိုထန်းပွီးယာအား မဲဆန္ဒရှင်​ပြည်​သူများထံ မိတ်​ဆက်​အပ်​နှံ၍ ကိုယ်​စားလှယ်​​လောင်း၏ ကိုယ်​​ရေးအကျဉ်းအား တမူးမြို့နယ်​ပါတီဥက္ကဋ္ဌမှ ဖတ်​ကြား​ပေးခဲ့သည်​။