
ကုလသမဂ္ဂအတွင်းရေး မှူး၏အထူးကိုယ်စားလှယ်သည် ကချင်ပြည်နယ်သို့ ယနေ့ (အောက်တိုဘာ ၁၇ ရက်)တွင် သွားရောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာ နဒုဝန်ကြီး ဦးစိုးအောင်က ပြောသည်။ ကုလအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှယန်နာဘာဂီနာသည် ရခိုင်ပြည်နယ်သို့ လေးရက် ကြာသွားရောက်ပြီးနောက် ကချင် ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကာ ခရီးစဉ် နှစ်ရက်ခန့် ကြာမြင့်မည်ဖြစ် ကြောင်း အထက်ပါဒုဝန်ကြီးက ရှင်းပြသည်။

