ဖျာပုံ၊ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဖျာပုံခရိုင်၊ မြို့နယ်အဆင့်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။
